
နာပိုလီအသင်းသည် အသင်းတောင်ပံတိုက်စစ်ကစားသမား ခွာရတ်စကယ်လီယာ၏နေရာတွင် အစားထိုးရန်အတွက် မန်ယူတောင်ပံတိုက်စစ်ကစားသမား ဂါနာချိုအား ယူရို (၄၅) သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး ယင်းပမာဏမှာ မန်ယူအသင်း တောင်းဆိုသည့်စျေးနှင့် များစွာကွာဟနေကြောင်း သိရှိရသည်။
အသက် (၂၃)နှစ်အရွယ်ရှိ ဂျော်ဂျီယာလက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား ခွာရတ်စကယ်လီယာသည် ယခုဇန်နဝါရီတွင် အသင်းမှ ထွက်ခွာခွင့်တောင်းခဲ့ပြီးနောက် လက်ရှိတွင် ပြင်သစ်ထိပ်သီး PSG အသင်းသို့ ယူရို (၇၅) သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း ဥရောပမီဒီယာများက အကျယ်တဝင့်ဖော်ပြနေကြသည်။
နာပိုလီနည်းပြ ကွန်တီသည် ခွာရတ်စကယ်လီယာ၏နေရာတွင် အစားထိုးရန်အတွက် အာဂျင်တီးနားတောင်ပံတိုက်စစ်ကစားသမား ဂါနာချိုကို အလိုရှိနေကြောင်း သိရသည်။
ထို့ကြောင့် နာပိုလီအသင်းတာဝန်ရှိသူများသည် ဂါနာချိုအား ခေါ်ယူရန် မန်ယူအသင်းထံ ယူရို (၄၅)သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး မန်ယူအသင်း တောင်းဆိုသည့် ပမာဏနှင့် များစွာကွာဟနေကြောင်း သိရသည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်၏အမြတ်အစွန်းနှင့် ရေရှည်တည်တံ့ရေးစည်းမျဉ်း(PSR)နှင့် ကိုက်ညီမှုရှိစေရန်အတွက် အသင်းကစားသမားအချို့ကို ရောင်းထုတ်လိုနေပြီး ယင်းထဲတွင် ဂါနာချိုလည်း ပါဝင်နေကြောင်း သိရှိရသည်။
မန်ယူအသင်းအနေဖြင့် အသင်းအကယ်ဒမီထွက်ဖြစ်သည့် ဂါနာချိုအား ရောင်းချမည်ဆိုပါက ၎င်းအတွက် ရရှိသည့် ပြောင်းရွှေ့ကြေးမှာ အသားတင်အမြတ်ငွေအဖြစ် ရရှိမည်ဖြစ်သည်။
ထို့ကြောင့် မန်ယူအသင်းသည် ဂါနာချိုအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၈၀) အထိ အလိုရှိနေကြောင်း သိရသည်။
ယခု ဂါနာချိုအတွက် နာပိုလီအသင်း ကမ်းလှမ်းခဲ့သည့် ယူရို (၄၅)သန်းမှာ မန်ယူအသင်းတောင်းဆိုသည့်စျေးနှင့် ထက်ဝက်နီးပါးကွာဟနေသည်။
Il Corriere dello Sport ၏ဖော်ပြချက်အရ နာပိုလီအသင်းသည် ဂါနာချိုအား ကြေးတိုးမြှင့်ကမ်းလှမ်းမည်ဆိုပါကလည်း ယူရိုသန်း (၆၀)ထက် ပိုပေးရန် မရှိကြောင်း သိရှိရသည်။
ဂါနာချိုအား ခေါ်ယူရန် နာပိုလီအသင်းအပြင် ဂျူဗင်တပ်စ်အသင်းနှင့် အက်သလက်တီကိုအသင်းတို့ကလည်း စိတ်ဝင်စားနေပြီး နာပိုလီအသင်းကသာ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်