
ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမား ရာဖင်ညာက အသင်းဖော် လူငယ်ကြယ်ပွင့် ယမားလ်အနေဖြင့် အနာဂတ်တွင် Ballon d'Or ဆုကို အနည်းဆုံး (၃) ကြိမ်ရလိမ့်မည်ဟု ထောက်ခံပြောကြားခဲ့သည်။
ရာဖင်ညာနှင့် ယမားလ်တို့သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် အထူးခြေစွမ်းပြနေကြပြီး ၂၀၂၅ Ballon d'Or ဆုအတွက် ထည့်သွင်းစဉ်းစားရမည့်သူများအဖြစ် သတ်မှတ်ခံနေရသည်။
အသက် (၁၇)နှစ်အရွယ်ရှိ စပိန်လူငယ်ကြယ်ပွင့် ယမားလ်သည် ပြီးခဲ့သည့်ရာသီက ဘာစီလိုနာနှင့် ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းအတွက် ခြေစွမ်းပြခဲ့ခြင်းကြောင့် Kopa Trophy နှင့် Golden Boy ဆုများကို ရရှိခဲ့ပြီး ၂၀၂၄ Ballon d'Or တွင်လည်း အဆင့် (၈) ချိတ်ခဲ့သည်။
ယခုအခါ ရာဖင်ညာက ''လာမင်း(ယမားလ်) အနေနဲ့ Ballon d'Or ဆု သေချာပေါက် ရပါလိမ့်မယ်။ သူ အနည်းဆုံး (၃) ကြိမ်လောက်ရမယ်လို့ ကျွန်တော်တို့ ပြောရအောင်ပါ''ဟု ပြောကြားခဲ့သည်။
ယမားလ်သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြနေပြီး လာလီဂါ (၁၆) ပွဲတွင် (၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၀) ကြိမ် ပြုလုပ်ထားသည်။
ယမားလ်သည် မက်ဆီ၏ခြေရာကို နင်းမည့်သူအဖြစ် သတ်မှတ်ခံနေရသူလည်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်