
လီဗာပူးလ်ဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ်က ဆာလာသည် မော်ဒန်ခေတ်တွင် လီဗာပူးလ်အသင်း၏ အကောင်းဆုံးတိုက်စစ်မှူးဖြစ်ပြီး အသင်းတွင် ဆက်နေရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။
အသက် (၃၂) နှစ်အရွယ် အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်ကုန်ဆုံးမည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် ဆာလာအား စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေသော်လည်း လက်ရှိအချိန်ထိ နီးစပ်မှုမရှိသေးဘဲ သဘောတူညီမှုရရန် များစွာလိုသေးကြောင်း Sky Sports နှင့် အင်တာဗျူးတွင် ဆာလာကိုယ်တိုင်ဝန်ခံထားသည်။
လီဗာပူးလ်အသင်းပရိသတ်များသည် ဆာလာအား ဆက်ထိန်းရန် တောင်းဆိုနေကြပြီး ယခုအခါ ပြီးခဲ့သည့် ၂၀၂၃-၂၄ရာသီကုန်ကမှ လီဗာပူးလ်အသင်းနှင့်လမ်းခွဲခဲ့သည့် အသင်းဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ်က ဆာလာအား အသင်း တွင် ဆက်နေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
Red Bull အဖွဲ့၏ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲတွင် ယာဂန်ကလော့ပ်က ဆာလာနှင့်ပတ်သက်ပြီး ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
ယာဂန်ကလော့ပ်က ''သူ(ဆာလာ) လီဗာပူူးလ်မှာ ဆက်နေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူဟာ မော်ဒန်ခေတ်မှာ လီဗာပူးလ်အသင်းရဲ့ အကောင်းဆုံးတိုက်စစ်မှူးပါ။ လီဗာပူးလ်မှာ တခြားကောင်းတဲ့ တိုက်စစ်မှူးတွေ၊ တကယ်ကောင်းတဲ့ တိုက်စစ်မှူးတွေ ရှိပါတယ်။ ဒါပေမဲ့ ဆာလာက ကစားသမားတစ်ဦးအနေနဲ့ရော လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ ဘက်စုံကောင်းတဲ့သူပါ။ ဒီတော့ သူ လီဗာပူးလ်မှာ ဆက်ရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်''ဟု ဆိုခဲ့သည်။
ကလော့ပ်သည် ၂၀၁၇ တွင် ဆာလာအား လီဗာပူးလ်အသင်းသို့ ခေါ်ယူခဲ့သူဖြစ်ပြီး ၎င်းတို့ (၂)ဦးလက်တွဲကာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် အဓိကဆုဖလား (၇) လုံး ရယူနိုင်ခဲ့သည်။
ကလော့ပ်က ဆာလာအပြင် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဗန်ဒိုက်နှင့် အာနိုးလ်တို့ကိုလည်း အသင်းတွင် ဆက်နေစေလိုကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်