Top News

မာလ်ဒီနီ၏ စီးရီးအေသွင်းဂိုးစံချိန်ကို သီယိုဟာနန်ဒက်ဇ် ကျော်ဖြတ်
24htopnews | January 16, 2025 7:12 PM CST

အေစီမီလန်နောက်ခံကစားသမား သီယိုဟာနန်ဒက်ဇ်သည် အသင်းဂန္ထဝင်နောက်ခံကစားသမား မာလ်ဒီနီ၏ စီးရီးအေဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ (၁၄) ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ် ကိုမို (၁-၂) အေစီမီလန်ပွဲတွင် သီယိုဟာနန်ဒက်ဇ်သည် ပွဲချိန် (၇၁) မိနစ်တွင် အေစီမီလန်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့သည်။

ယင်းဂိုးမှာ သီယိုဟာနန်ဒက်ဇ်အတွက် စီးရီးအေသွင်းဂိုး (၃၀) မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်းဂန္ထဝင် မာလ်ဒီနီ၏ စီးရီးအေသွင်းဂိုး(၂၉ ဂိုး) အရေအတွက်ကို ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သီယိုဟာနန်ဒက်ဇ်သည် အေစီမီလန်အသင်းအတွက် စီးရီးအေတွင် ဂိုးအများဆုံးသွင်းယူနိုင်သည့် နောက်ခံလူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး အဆိုပါမှတ်တမ်းအတွက် အလွန်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

''ဒီမှာ သမိုင်းမှတ်တမ်း ရေးထိုးနိုင်တဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ အေစီမီလန်ကို ရောက်လာတဲ့နေ့ကတည်းက ကြိုဆိုခံခဲ့ရပြီး ကျွန်တော့်ရဲဲ့ Idol ဖြစ်တဲ့ မာလ်ဒီနီရဲ့ စီးရီးအေသွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK