Top News

အန်ကွန်ကူအတွက် ပြောင်းရွှေ့ကြေး ပေါင် (၆၅) သန်း ချယ်လ်ဆီး အလိုရှိ
24htopnews | January 16, 2025 7:12 PM CST

ချယ်လ်ဆီးအသင်းသည် အသင်းတိုက်စစ်ကစားသမား အန်ကွန်ကူအတွက် ပြောင်းရွှေ့ကြေး ပေါင် (၆၅) သန်း အလိုရှိနေကြောင်း The Athletic က ဖော်ပြခဲ့သည်။

ပြင်သစ်တိုက်စစ်ကစားသမား အန်ကွန်ကူ(၂၇ နှစ်)သည် ချယ်လ်ဆီးတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့်အတွက် ယခုဇန်နဝါရီတွင် အသင်းပြောင်းရွှေ့လိုနေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ၎င်းကို ၂၀၂၃ နွေရာသီတွင် လိုက်ပ်ဇစ်အသင်းထံမှ ပေါင်(၅၂)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းအား ခေါ်ယူရန် PSG နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းအနေဖြင့် အန်ကွန်ကူအား ယခုဇန်နဝါရီတွင် ရောင်းချရန် ဆန္ဒရှိနေသော်လည်း ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင် (၆၅) သန်း အလိုရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 


READ NEXT
Cancel OK