Top News

ကရင်နယ်ခြားစောင့်တပ်(BGF) ၊ DKBA အဖွဲ့နှင့်  တရုတ်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ၍ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု၊ လိမ်လည်မှုနှင့်  လူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စများ ဆွေးနွေးဟုဆို
24htopnews | January 16, 2025 6:12 PM CST

ကရင်နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မှူးကြီးစောချစ်သူ၊ DKBA အဖွဲ့တို့မှ  တာ၀န်ရှိသူများနှင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံခဲ့ကြောင်း ထိုင်းတပ်မတော် Rajamanu Task Force က သတင်းထုတ်ပြန်ထားသည်ဟု ထိုင်းသတင်းဌာန Khaosod တွင်  ဖော်ပြထားသည်။

အဆိုပါ အစည်းအဝေးတွင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု၊ လိမ်လည်မှုနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့သည်ဟုဆိုသည်။ 

ယင်းဆွေးနွေးပွဲတွင် မြဝတီမြို့တွင်လည်ပတ်နေသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လူကုန်ကူးမှု၊ လိမ်လည်လှည့်ဖြားသည့်အဖွဲ့များနှင့်ပတ်သက်သည့် လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ပြီး အစီရင်ခံရန်လိုအပ်သည့် တင်းကျပ်သော လမ်းညွှန်ချက်များကို ချမှတ်ခဲ့သည်ဟု Khaosod တွင် ဖော်ပြထားသည်။

ထိုသို့ချမှတ်ခဲ့သည့်လမ်းညွှန်ချက်များအရ  အကျပ်ကိုင်မှု၊ ကိုယ်ထိလက်ရောက် စော်ကားမှု၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှု၊ အသက် ၁၈ နှစ်အောက် ကလေးလုပ်သား၊ လူကုန်ကူးမှုမှ အကျိုးအမြတ်များနှင့် လိမ်လည်လှည့်ဖြားမှု လုပ်ငန်းများကို ချိုးဖောက်သော စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းပိတ်သိမ်းခြင်းနှင့် နှင်ထုတ်ခြင်းတို့ပြုလုပ်မည်ဟုဆိုသည်။

■Photo. Khaosod news


READ NEXT
Cancel OK