
အစ်ဝစ်ချ် နှင့် ဘရိုက်တန် (မြန်မာစံတော်ချိန် သောကြာနံနက် ၂းဝ၀ နာရီ)
အစ်ဝစ်ချ်က နောက်ပိုင်းပွဲတွေမှာ လျှော့တွက်လို့မရတဲ့ အသင်းတစ်သင်းဖြစ်လာတယ်။ ဘရိုက်တန်က ပိုကောင်းတဲ့အသင်းဆိုပေမဲ့ ခြေစွမ်းပိုင်းနည်းနည်းလေး ကျဆင်းနေတာ တွေ့ရတယ်။ သရေကျသွားနိုင်တယ်။
မန်ယူ နှင့် ဆောက်သမ်တန် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
မန်ယူက လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ၂-၂ သရေဆိုတဲ့ ရလဒ်နဲ့အတူ အားလုံးရဲ့ချီးကျူးခြင်းကို ခံခဲ့ရပေမဲ့ တကယ်တမ်းမှာတော့ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲရှုံးခဲ့တဲ့ အနေအထားဖြစ်တယ်။ သိပ်အားရစရာမဟုတ်သေးဘူး။ လီဗာပူးလ်နဲ့ မတိုင်ခင်မှာ ဘုန်းမောက်၊ ဝုလ်ဗ်၊ နယူးကာဆယ်တို့ကို ဆက်တိုက်ရှုံးခဲ့တယ်။ ဆောက်သမ်တန်ကတော့ လက်ရှိ ပရီးမီးယားလိဂ်ရဲ့အညံ့ဆုံးအသင်းပါ။ မန်ယူနိုင်ပွဲ ပြန်ရသင့်တယ်။
ဆိုစီဒက် နှင့် ဗယ်လက်ကာနို (မြန်မာစံတော်ချိန် သောကြာနံနက် ၁းဝ၀ နာရီ)
ဆိုစီဒက်အသင်းက အိမ်ကွင်းမှာ ရလဒ်တွေ ပြန်ကောင်းလာတယ်။ ဗယ်လက်ကာနိုအသင်းကလည်း ပြိုင်ပွဲစုံ (၇)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့တယ်။ ဆိုစီဒက်ကိုပဲ ရွေးချယ်ချင်တယ်။
ဘီလ်ဘာအို နှင့် အိုဆာဆူနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၁းဝ၀ နာရီ)
အိုဆာဆူနာအနေနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး(၉)ပွဲမှာ ဘုရင့်ဖလားပွဲစဉ် နှစ်ပွဲပဲ အနိုင်ရခဲ့တယ်။ လက်ရှိချန်ပီယံ ဘီလ်ဘာအိုအသင်းကတော့ ရလဒ်ပိုင်း အတော်တည်ငြိမ်ပါတယ်။ ဘီလ်ဘာအို အနိုင်သေချာပါတယ်။
ရီးယဲလ်မက်ဒရစ် နှင့် ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် သောကြာနံနက် ၃းဝ၀ နာရီ)
ရီးယဲလ်မက်ဒရစ်အသင်းက စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို မရှုမလှအရေးနိမ့်ခဲ့ရတယ်။ ဒီပွဲရဲ့ ရိုက်ခတ်မှုဒဏ် ရှိနေပေမဲ့ ဘာနေဗျူးကွင်းမှာတော့ ရီးယဲလ်အနေနဲ့ သိက္ခာပြန်ဆယ်ဖို့ ကြိုးပမ်းလိမ့်မယ်။ နောက်ပိုင်းတွေ့ ဆုံမှုတွေမှာလည်း ရီးယဲလ်အသင်းက အပြတ်အသတ်အသာစီးရထားပြီး ဆယ်လ်တာဗီဂိုအနေနဲ့ ၂၀၁၇ ခုနှစ်က နောက်ဆုံးအနိုင်ရထားခဲ့တာဖြစ်တယ်။ ဆယ်လ်တာဗီဂိုက တန်းဆင်းဇုန် နဲ့ အမှတ်ကွာနေလို့ ဘုရင့်ဖလားမှာ ပိုအားစိုက်ကစားလာနိုင်တာကိုတော့ သတိပြုရမယ်။ ရီးယဲလ်မက်ဒရစ်ကိုပဲ ရွေးချယ်တာပိုကောင်းမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်