
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဘရန့်ဖို့ဒ်နှင့်ပွဲအပြီးတွင် အသင်းဂိုးသမား အော်တေဂါအား ဒေါသတကြီးဆူပူကြိမ်းမောင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး မီဒီယာများကို ရှင်းလင်းပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဇန်နဝါရီ (၁၄) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၂၁) တွင် ဘရန့်ဖို့ဒ်အသင်းကို (၈၁) မိနစ်အထိ (၂-၀) ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ချေပဂိုးများ ပြန်လည်ပေးခဲ့ရကာ ပွဲအပြီးတွင် (၂-၂) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် အဆိုပါပွဲစဉ်တွင် အနိုင်ရလဒ်ကိုထိန်းနိုင်ခြင်းသည့်အပေါ် ဒေါသပေါက်ကွဲခဲ့ပြီး ပွဲအပြီးတွင် ကွင်းအတွင်း ဝင်ရောက်ကာ အသင်းဂိုးသမား အော်တေဂါအား ဒေါသတကြီးပြောဆိုကာ အတင်းဖက်ခဲ့ကြောင်း သိရသည်။
သို့သော် ဂွါဒီယိုလာက ၎င်းအနေဖြင့် အော်တေဂါကို ချီးကျူးခဲ့ခြင်းသာဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက "(အသင်းရဲ့စွမ်းဆောင်မှုကို) ကျွန်တော် ကျေနပ်ပါတယ်။ အပြုအမူတစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြောဆိုခဲ့ကြတာပါ။ အော်တေဂါနဲ့ အဲဒီအတိုင်းပါပဲ။ ကျွန်တော့်အနေနဲ့ သူ ဘောလုံးကန်တာ ဘယ်လောက်ကောင်းကြောင်း၊ ဟာလန်းကို ပေးလိုက်တဲ့ ဘောလုံးက ဘယ်လောက်ကောင်းကြောင်း၊ သူ့ရဲ့စွမ်းဆောင်မှုအပေါ် ကျွန်တော် ဘယ်လိုကျေနပ်ကြောင်း ပြောဆိုခဲ့တာပါ"ဟု ရှင်းလင်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်