
ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်ရောင်းဝယ်သည့် ကျပ်သိန်း ၆၅၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သိန်း ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအနီးတွင် တောင်ကြီးမှ အောင်ပန်းဘက်သို့ ဟန်လင်းကျော် မောင်းနှင်ပြီး မယွန်းသီရိကျော် လိုက်ပါလာသည့် TOYOTA MARK II ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထပ်မံသတင်းကွင်းဆက်အရ ဇန်နဝါရီ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ ဇော်ဇော်အောင်(ခ)ထက်အောင် မောင်းနှင်ပြီး သန်းထွန်းနှင့် ကျော်ဝင်း(ခ)ဘလိတို့လိုက်ပါလာသည့် CRV မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ အထက်ပါဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်းအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ကျေးရွာနေ စိုင်းလာ(ခ)ကိုစိုင်း၏ အစီအမံဖြင့် ကွန်ဟိန်းမြို့နယ်၊ ကာလိကျေးရွာနေ စိုင်းဘမောင်(ခ)ကိုဘ(ခ)စိုင်းယွန်းထံမှ ဝယ်ယူခဲ့ပြီး လွိုင်လင်မြို့နယ်၊ နောင်လိုင်မူဖိတ်ကျေးရွာနေ စိုင်းထွန်းလှမှ တောင်ကြီးမြို့သို့ တာဝန်ခံသယ်ဆောင်၍ ဟန်လင်းကျော်နှင့် မယွန်းသီရိကျော်တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်းကို ပြန်လည်ရောင်းချခဲ့ကြောင်း၊ ဇော်ဇော်အောင်(ခ)ထက်အောင်၊ သန်းထွန်းနှင့် ကျော်ဝင်း(ခ)ဘလိတို့အား စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်းကို တောင်ကြီးမှ ရန်ကုန်သို့ သယ်ဆောင်ခိုင်းခဲ့ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အသွင်ပြောင်းဌာနေပြည်သူ့စစ် (PNO) အဖွဲ့နှင့်ပူးပေါင်း၍ ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကြီးကျေးရွာတွင် စိုင်းထွန်းလှအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ ရန်ကုန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများလက်ခံ၍ ပြန်လည်ရောင်းချသူများဖြစ်သည့် အောင်ကျော်ဌေး(ခ)ကိုဌေးနှင့် စိုင်းဝေအောင်တို့အား သင်္ဃန်းကျွန်းမြို့နယ်၌လည်းကောင်း၊ ဦးဦးသန့်ဇော်အား တာမွေမြို့နယ်၌လည်းကောင်း အသီးသီး ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်