
မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာ အဘစ် - ခလယ်တံခွန်တိုင်ကားလမ်းတွင် INSIGHT အမျိုးအစားမော်တော်ယာဉ်တစ်စီးပေါ်မှ လက်လုပ်လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က အဆိုပါ အဘစ် - ခလယ်တံခွန်တိုင်ကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှောင်တခင်စစ်ဆေးမှုများလုပ်ဆောင်နေစဉ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ဘက်မှ မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကမာဝက်မြို့ဘက်သို့ မောင်းနှင်လာသည့် INSIGHT အမျိုးအစား မော်တော်ယာဉ်တစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခဲ့ရာ မော်တော်ယာဉ်ပေါ်မှ လက်လုပ်ပစ္စတိုသေနတ်တစ်လက်၊ ဘောစေ့ထည့်ပစ်ရသည့် လက်လုပ်သေနတ်ရှည်တစ်လက်နှင့် ဓားရှည်တစ်ချောင်းတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဖမ်းဆီးရမိခဲ့တဲ့ လက်လုပ်သေနတ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
ထို အဘစ် - ခလယ်တံခွန်တိုင်ကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်ရှိသည့်အပြင် ယင်းလမ်းကြောင်းတလျှောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှောင်တခင်စစ်ဆေးမှုများကိုလည်းလုပ်ဆောင်ကြလေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်ကလည်း အဆိုပါ အဘစ် - ခလယ်တံခွန်တိုင်ကားလမ်းရှိ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်တစ်ဦးထံမှ ပစ္စတိုသေနတ် ငါးလက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်