
မန်စီးတီးတိုက်စစ်မှူး ဟာလန်း က ယခုရာသီတွင် ရလဒ်များဆိုးရွားခဲ့ခြင်းက ၎င်းနှင့် အသင်းဖော်များကို ပိုမိုဆာလောင်စေကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ၂၀၂၄ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင်ရုန်းကန်ခဲ့ရပြီး ယင်းကာလအတွင်း ကစားခဲ့သည့် ပြိုင်ပွဲစုံ (၁၂)ပွဲတွင် (၈)ပွဲထိ ရှုံးနိမ့်ခဲ့ကာ (၂) ပွဲသာ အနိုင်ရခဲ့သည်။ ထို့ကြောင့် မန်စီးတီးအသင်းမှာ ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသလို၊ ဟာလန်းမှာလည်း ဝေဖန်ခံခဲ့ရသည်။
မန်စီးတီးအသင်းသည် လက်ရှိတွင်ရလဒ်ပြန်ကောင်းလာပြီး ပြိုင်ပွဲစုံနောက်ဆုံး (၄) ပွဲဆက် ရှုံးပွဲမရှိ ကစားထားသည်။ ယခုအခါ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ရလဒ်များ ဆိုးရွားခဲ့ခြင်းက ၎င်းတို့ကို စိတ်အားတက်ကြွစေပြီး ပိုမိုကြိုးစားချင်အောင် တွန်းအားပေးခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟာလန်းက "ကျွန်တော်တို့က နိုင်ပွဲတွေနဲ့ အသားကျနေသူတွေဖြစ်လို့ ပြီးခဲ့တဲ့ (၂)လက ကျွန်တော်တို့အတွက် ထူးဆန်းပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်တို့အတွက် ပိုကောင်းစေတယ်လို့ ထင်ပါတယ်။ ရလဒ်တွေ ဆိုးရွားခဲ့တာက ကျွန်တော်တို့ကို ပိုကြိုးစားဖို့ တွန်းအားဖြစ်စေပါတယ်။ ဒဏ်ရာပြဿနာတွေကြောင့် ကံဆိုးခဲ့ပေမဲ့ ဒါကို ဆင်ခြေပေးလို့ မရပါဘူး။ နည်းပြက အရင်ကထက် ပိုဆာလောင်နေပြီး ကျွန်တော်တို့အားလုံးကလည်း အောင်မြင်မှုအတွက် ပိုဆာလောင်နေကြပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်