
လိုင်ယွန်အသင်းတောင်ပံကစားသမား ဒီပိုင်းက ၄င်းအနေဖြင့် ဥရောပထိပ်တန်းအသင်းများသို့ ပြောင်းရွှေ့ကစားလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။
အသက် (၂၄) နှစ်အရွယ်ရှိ နယ်သာလန်တောင်ပံကစားသမား ဒီပိုင်းသည် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းတွင် ကစားခွင့်ရရှိခဲ့သော်လည်း ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသဖြင့် ၂၀၁၇ ဇန်နဝါရီအပြောင်းအရွှေ့တွင် လိုင်ယွန်အသင်းသို့ ရောင်းချခြင်းခံခဲ့ရသူဖြစ်သည်။
ဒီပိုင်းသည် လိုင်ယွန်အသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး (၃) ရာသီအတွင်း ပြိုင်ပွဲစုံ (၉၁) ပွဲတွင် (၃၃) ဂိုးအထိသွင်းယူထားနိုင်ခဲ့သည်။
ဒီပိုင်းက လိုင်ယွန်အသင်းမှာ အသင်းကြီးတစ်သင်းဖြစ်သော်လည်း ဥရောပ၏အကောင်းဆုံး (၅)သင်းထဲတွင် မပါဝင်ကြောင်းနှင့် ၄င်းအနေဖြင့် အကောင်းဆုံးကလပ်များသို့ ပြောင်းရွှေ့ကစားရန် မျှော်လင့်နေသည်ဟု ဝန်ခံခဲ့ခြင်းဖြစ်သည်။
ဒီပိုင်းက '' ကျွန်တော်ဟာ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ချယ်လ်ဆီး၊ မန်စီးတီး၊ PSG၊ ဘိုင်ယန်မြူးနစ်စတဲ့ အသင်းတွေကိုပြောင်းရွှေ့ကစားချင်ပါတယ်။ အဲဒီအသင်းတွေထဲက ကျွန်တော်နဲ့ကိုက်ညီမယ့်အသင်း၊ ကျွန်တော့်ကို ပွဲကစားခွင့်ပေးမယ့်အသင်းမျိုးကို ပြောင်းရွှေ့ချင်ပါတယ်'' ဟုပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ချင်သလားဟု မေးမြန်းခဲ့ရာ ဒီပိုင်းက '' ရီးယဲလ်မက်ဒရစ်အကြောင်းကို ကျွန်တော်အမြဲပြောဖြစ်ပါတယ်။ ရင်ဘတ်မှာ ရွှေအမှတ်တံဆိပ်နဲ့ အဖြူရောင်ဝတ်တဲ့ တော်ဝင်အသင်းပေါ့ဗျာ။ ဒါပေမဲ့ လောလောဆယ်မှာတော့ ကျွန်တော်ဟာ လိုင်ယွန်အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ'' ဟုပြောကြားခဲ့သည်။
ဒီပိုင်းသည် မန်ယူအသင်းတွင် (၁၈) လအတွင်း ပြိုင်ပွဲစုံ (၅၃) ပွဲကစားပြီး (၇) ဂိုးသာသွင်းယူနိုင်ခဲ့သည်။ ၄င်းသည် ယခုရာသီ လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ (၂၂) ပွဲတွင်၊ (၆) ဂိုးသွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်