
မန်ယူအသင်းယာယီနည်းပြဆိုးလ်ရှားက အသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရုံနှင့် မကျေနပ်နိုင်ဘဲ ဆုဖလားများရယူနိုင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယာယီနည်းပြဆိုးလ်ရှားလက်ထက်တွင် ပြိုင်ပွဲစုံ (၈) ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရရှိထားပြီး လက်ရှိတွင် FA ဖလားပဥ္စမအဆင့်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ထားနိုင်ခဲ့သည်။
ဆိုးလ်ရှားက '' အဆင့် (၄) အတွင်းဝင်ဖို့က ကျွန်တော်တို့ရဲ့ အိပ်မက်မဟုတ်ပါဘူး။ ကျွန်တော်တို့က မန်ယူအသင်းပါ။ ဒီအသင်းက အမှတ်ပေးပြိုင်ပွဲမှာ အမြဲတမ်းချန်ပီယံဖြစ်လိုတဲ့အသင်းပါ။ ဒီနှစ်မှာတော့ အမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကျွန်တော်တို့ မလုပ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်ရဦးမှာပါ။ FA နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ကျွန်တော်တို့ ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။ ပရီးမီယားလိဂ်မှာ အဆင့် (၄) ရဖို့အကြောင်းကို ပြောစရာတောင်မလိုပါဘူး။ ဒီရာသီမှာ ကျွန်တော်တို့အနေနဲ့ ဆုဖလားရနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့ဟာ FA ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်နေဆဲဖြစ်ပြီး ဆုဖလားရရှိအောင်ကြိုးစားသွားမှာပါ'' ဟုပြောကြားခဲ့သည်။
စပါးအသင်းနည်းပြ ပိုချက်တီနိုက ပြည်တွင်းဖလားများရရှိရေးထက် ချန်ပီယံလိဂ်ဝင်ခွင့်ရရေးက ပိုအရေးကြီးသည်ဟု ပြောကြားခဲ့သော်လည်း ဆိုးလ်ရှားက ဆုဖလားတစ်ခုခုရရှိခြင်းက အသင်းသားများကို စိတ်ဓာတ်တက်ကြွစေပြီး ဆုဖလာားများပိုမိုယူနိုင်ရန် တွန်းအားပေးနိုင်သည်ဟု ပြောကြားခဲ့သည်။
၄င်းက '' ပိုချက်တီနိုပြောသလို ပြည်တွင်းဖလားတွေရရေးထက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က အရေးကြီးတယ်ဆိုတဲ့ အချက်ကို ကျွန်တော်ဆွေးနွေးနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ လိုချင်တာက ဆုဖလားတွေ ဆွတ်ခူးနိုင်ရေးဖြစ်ပါတယ်။ ဆုဖလား ရတာဟာ အသင်းမှာရှိတဲ့လူတိုင်းအတွက် ပျော်စရာဖြစ်ပါတယ်။ ဘယ်ဖလားပဲဖြစ်ဖြစ် ရမယ်ဆိုရင် ဘယ်သူမဆို ပျော်ရွှင်ကြမှာပါပဲ။ ကျွန်တော်တို့ဟာ ချန်ပီယံဆုတွေ ရယူနိုင်ရေးအတွက် မျှော်လင့်နေပါတယ်'' ဟုပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်