Top News

အိန္ဒိယဖိတ်ခေါ် (၄)နိုင်ငံ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အိမ်ရှင် အိန္ဒိယ၊ မြန်မာ၊ အီရန်နှင့် နီပေါအသင်းတို့ အုပ်စုပတ်လည်ပုံစံဖြင့်ယှဉ်ပြိုင်ကစားမည်
24htopnews | January 16, 2025 3:12 AM CST

အိန္ဒိယဘောလုံးအဖွဲ့ချုပ် (AIFF) က စီစဉ်ကျင်းပသည့် (၄)နိုင်ငံဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲ (Women's Gold Cup) ကို အိမ်ရှင် အိန္ဒိယ၊ မြန်မာ၊ အီရန်၊ နီပေါအမျိုးသမီး လက်ရွေးစင်အသင်းတို့ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

AIFF သည် ယင်းပြိုင်ပွဲကို Bhubaneswar မြို့၌ လာမည့် ဖေဖော်ဝါရီ (၉) ရက်မှ (၁၅) ရက်အထိ ကျင်းပမည်ဖြစ်သည်။ 

AIFF သည် ယင်းပြိုင်ပွဲကို (၄)သင်း ပတ်လည်ပုံစံဖြင့် ယှဉ်ပြိုင်ကစားစေမည်ဖြစ်ပြီး ထိပ်ဆုံးနေရာ ရပ်တည်နိုင်သည့်နှစ်သင်းမှာ ဗိုလ်လုပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

AIFF သည် ပြိုင်ပွဲဝင်အသင်းများအား Bhubaneswar မြို့သို့ ဖေဖော်ဝါရီ (၇) ရက် နောက်ဆုံးထား၍ လာရောက်ရန် အကြောင်းကြားထားပြီး ဖေဖော်ဝါရီ (၉၊ ၁၁၊ ၁၃) ရက် များတွင် တစ်ရက်လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 AIFF သည် ပြိုင် ပွဲဝင်အသင်းတစ်သင်းလျှင် အုပ်ချုပ်၊ နည်း ပြအဖွဲ့ဝင် (၆)ဦးနှင့် ကစားသမား (၂၀)ဦးသာ ခေါ်ဆောင်ခွင့်ပြုရန် သတ်မှတ်ထားသည်။ 

ထို့ပြင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင် (၆)ဦးနှင့် ကစား သမား (၂၀)ဦး စာရင်းကို ဇန်နဝါရီ (၂၉) ရက် (ယနေ့) နောက်ဆုံးထားပေးပို့ရန် သတ်မှတ်ထားကြောင်း သိရသည်။ 

မြန်မာအ မျိုးသမီးအသင်းသည် တိုကျိုအိုလံပစ်ပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲတွင် အိန္ဒိယ၊ နီပေါအသင်းများနှင့်တွေ့ဆုံခဲ့ပြီး အိန္ဒိယကို (၂-၁)ဂိုးဖြင့်နိုင်ကာ နီပေါနှင့် (၁-၁)ဂိုးစီ သရေကျထားကြောင်း သိရသည်။


READ NEXT
Cancel OK