
မြိတ်-ကော့သောင်းလမ်းအပိုင်းတွင် အခြားလမ်းကြောင်းများထက် ရေလမ်းခရီးကို ဒေသခံများစတင်အားပြုကာ သွားလာနေရကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်-ကော့သောင်းကားလမ်းအပိုင်းတွင် သွားလာရန် အခက်အခဲများဖြစ်ပေါ်နေခြင်း၊ လေယာဉ်စျေးနှုန်းကြီးမြင့်ခြင်းများကြောင့် ရေလမ်းခရီးကို ပိုမိုအားထားလာနေရကြောင်း ဒေသခံများကပြောကြားသည်။
"ဂိတ်တွေ ကလည်းအများကြီးပဲ ကားခထက်ဂိတ်ကြေးတွေကပိုများနေတယ် ပြည်သူတွေ ရောင်းဝယ်ဖောက်ကားဖို့က စားရိတ်တွေများလာနေတယ်၊ ကုန်ကားတွေ၊ အိမ်စီးကားတချို့တော့သွားနေတယ်၊ ကားလမ်းအသုံးပြုမှုတော့ အတော်နည်းပြီးစိတ်ချရတဲ့ ရေလမ်းခရီးကို ပြည်သူတွေစတင်ရွေးချယ်လာကြပြီ"လို့ ခရီးသွားလာနေသူများက ပြောကြားသည်။
ထို့အပြင် ကုန်းလမ်းခရီးမှာ စိတ်မချရသည့်အပြင် လေယာဉ်ခရီးစဉ်လက်မှတ်စျေးနှုန်းများက ကြီးမြင့်သဖြင့် သာမန်ပြည်သူများ ဝယ်ယူရန်ခက်ခဲကြောင်း သိရသည်။
"လုပ်ငန်းရှင်တစ်ချို့ကတော့ စပိဘုတ်တွေပြေးဆွဲပေးနေတယ်၊ တိုက်ပွဲကြောင့်လမ်းပိတ်တဲ့အချိန် ပြေးဆွဲပေးနေရာမှအခုဆိုရင် ပုံမှန်ခရီးစဉ်မျိုးပြေးဆွဲပေးနေရတယ်၊ လူတစ်ဦးကို မြိတ်-ကော့သောင်း နှစ်သိန်းကျပ်စျေးရှိတယ်၊ ကြာချိန်ခြောက်နာရီရှိတယ်၊ စပိဘုတ်ဖြစ်တဲ့အတွက် သာမန်ခရီးသွားတွေအတွက်တော့ အဆင်ပြေတယ်၊ ကုန်စည်တင်လို့မရဘူး၊ အခြေခံလူတန်းစားတွေမစီး နိုင်သေးဘူး "လို့ ကော့သောင်းဒေသခံတစ်ဦးက ပြောကြားသည်။
လေကြောင်းခရီးစဉ်မှာ မြိတ်–ကော့သောင်းခရီးအတွက် ကျပ်သုံးသိန်းခွဲနီးပါးပေါက်ဈေးရှိနေပြီး ယခင်ကပြေး ဆွဲခဲ့ဖူးသော ကမ်းရိုးတန်းသွားအမြန်ရေယာဉ်များကို ပြည်သူများပိုမိုမျှော်လင့်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်