
လီဗာပူူးလ်ဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်းနှင့်လမ်းခွဲခဲ့ခြင်းမှာ ပြင်းထန်လွန်းသည့် ဖိအားများကြောင့်ဖြစ်သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။
အသက် (၅၇)နှစ်အရွယ်ရှိ ဂျာမန်လူမျိုးနည်းပြ ကလော့ပ်သည် လီဗာပူးလ်အသင်းကို ၂၀၁၅ အောက်တိုဘာလတွင် စတင်ကိုင်တွယ်ခဲ့ပြီး နှစ်ပေါင်း (၃၀) ကွာဝေးနေသည့် ပရီးမီးယားလိဂ်ချန်ပီယံနှင့် ချန်ပီယံလိဂ်ဖလားအပါအဝင် အဓိကဆုဖလား (၇) လုံး ရယူပေးခဲ့သည်။
ကလော့ပ်သည်သည် လီဗာပူးလ်ပရိသတ်များ၏ ချစ်ခင်အားပေးမှုကို ရရှိထားသော်လည်း ၂၀၂၃-၂၄ ရာသီကုန်တွင် အသင်းနှင့်လမ်းခွဲခဲ့ခြင်းဖြစ်သည်။ Red Bull အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် ကလော့ပ်က လီဗာပူးလ်အသင်းမှထွက်ခွာခဲ့သည့် အကြောင်းရင်းကို ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
ကလော့ပ်က "ဘောလုံးနည်းပြအဖြစ် (၂၅) နှစ် အလုပ်လုပ်ခဲ့ပါတယ်။ ဒီအလုပ်က အရမ်းပြင်းထန်ပြီး ဖိအားများပါတယ်။ ကျွန်တော်က အရာရာကို သိချင်တဲ့သူဖြစ်ပြီး အဲဒီဖိအားတွေကို မခံနိုင်တော့ပါဘူး။ ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ကစားရတယ်။ အသင်းခြေ စွမ်းကိုလည်း ထိန်းထားရမယ်။ ရိုးသားစွာဝန်ခံရမယ်ဆိုရင် အဲဒီလိုလုပ်ရတာကို ကျွန်တော် မပျော်တော့ဘူး။ ကျွန်တော်က အသစ်တွေကို အမြဲလုပ်ချင်သူပါ။ ကျွန်တော်က တစ်ကမ္ဘာလုံးမှာ ဘောလုံးကို တိုးတက်အောင်လုပ်ချင်ပါတယ်။ အခု ဒါကို လုပ်ခွင့်ရနေပါပြီ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်