
ချယ်လ်ဆီးနည်းပြ မာရက်စ ကာသည် ဘုန်းမောက်နှင့်ပွဲတွင် အသင်းနောက်ခံကစားသမား ကူကူရယ်လာ၏ဆံပင်ကိုဆွဲခဲ့သည့် ဘုန်းမောက်တောင်ပံကစားသမား ဘရွတ်စ်အား အနီကတ်မပြခဲ့ခြင်းအတွက် ဒေါသထွက်နေကြောင်း သိရသည်။
ဇန်နဝါရီ (၁၄)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး(၂-၂)ဘုန်းမောက်ပွဲ$ ပွဲချိန် (၅၂) မိနစ်တွင် ဘုန်းမောက်တောင်ပံကစားသမား ဘရွတ်စ်သည် ချယ်လ်ဆီးနောက်ခံကစားသမား ကူကူရယ်လာ၏ ဆံပင်ကို ဆွဲခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်အတွက် ဘရွတ်စ်အား အနီကတ်ပြရန် VAR အဖွဲ့က တောင်းဆိုခဲ့ပြီး ကွင်းလယ်ဒိုင် ရောဘတ်ဂျုံးစ် က ကွင်းဘေးမော်နီတာကို ကြည့်ရှုခဲ့သည်။ သို့သော် ဂျုံးစ်က အဆိုပါလုပ်ရပ်မှာ နမော်နမဲ့လုပ်ရပ်ဟု ယူဆကာ ဘရွတ်စ်ကို အဝါကတ်သာပြခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကို မာရက်စကာက ဒေါသထွက်ခဲ့ခြင်းဖြစ်သည်။
ဘုန်းမောက်နှင့်ပွဲအပြီးတွင် မာရက်စကာက "ဘောလုံးရယူဖို့ မရည်ရွယ်ဘူးဆိုရင် အနီကတ်ပါပဲ။ ဒါကို ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။ ဒီလိုအနေအထားမှာ အဝါကတ်ပဲ ပြတယ်ဆိုရင် တစ်ခုခုပါပဲ။ ဒီနေရာမှာ အန္တရာယ်ရှိ၊ မရှိ ဆုံးဖြတ်ရမှာ မ ဟုတ်ပါဘူး။ သူက ကူကူရယ်လာကို တမင်လုပ်တာဖြစ်လို့ ဒါက အနီကတ်ပါ။ အနာဂတ်မှာ ဒိုင်ကောင်းနဲ့တွေ့ဖို့ မျှော်လင့်ပါတယ်"ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်