
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ များကြောင့် ကလေးငါးသန်းကျော် ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်း UNICEF Myanmar က ထုတ်ပြန်သည်။
လက်ရှိတွင် ထိုအခြေအနေများကြောင့် ကလေးငယ်များမှာ တိုက်ခိုက်မှုများ၌ ပစ်မှတ် ထားခံရခြင်း၊ တိုက်ခိုက်မှုများအတွင်းသို့ အ တင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် အရွယ်မတိုင်မီ လက်ထပ်ထိမ်းမြားစေခြင်းများစသည့်အန္တရာယ်များကို ရင်ဆိုင်နေရကြောင်း၊ ကိုဗစ် ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲ ကြောင့် ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုများ ကြောင့် ကလေးများ၏ ပညာရေးနှင့် အိပ်မက် များကို အဟန့်အတားဖြစ်စေရုံသာမက နိုင်ငံ ၏ အနာဂတ်စီးပွားရေး ထုတ်လုပ်နိုင်စွမ်းကို လည်း ပြင်းပြင်းထန်ထန် အန္တရာယ်ဖြစ်စေနိုင် ကြောင်း UNICEF Myanmar က ထုတ်ပြန် ထားသည်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံက ကလေးသူငယ်ဦးရေ ၁ ဒသမ ၃ သန်းကို ပညာရေး အကူအညီပေးရန် ရည်မှန်းထား ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင် ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန် ထားသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးများအ နေဖြင့် ဘေးကင်းစွာနှင့် စာသင်ကြားရန် အ ခွင့်အလမ်းများ ပိုမိုနည်းပါးလာကြောင်း UNICEF Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
၂၀၂၄ ခုနှစ် ကုန်ဆုံးခဲ့သော်လည်း မြန် မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန် မှု၏ အရေးပါသော ကဏ္ဍများအတွက် ရန်ပုံ ငွေရရှိမှု အလွန်နည်းပါးခဲ့ပြီး ပညာရေးကဏ္ဍ ၌ လူဦးရေ ၁ ဒသမ ၃ သန်းကို ထောက်ပံ့ရန် လိုအပ်သည့် ပမာဏမှာ ဒေါ်လာ ၉၆ သန်းရှိ သော်လည်း ဒေါ်လာ ၄ ဒသမ ၈ သန်းသာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာလိုအပ်ချက်များနှင့်တုံ့ပြန်မှုအစီအစဉ် (HNRP) ကိုထုတ်ပြန်ရာတွင် လူ ဦးရေ ၁၉ ဒသမ ၉ သန်းသည် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်နေပြီဖြစ်ကြောင်း ခန့်မှန်းရပြီး ယင်းပမာဏသည် လူဦးရေ၏ သုံးပုံတစ်ပုံ ကျော်ရှိကြောင်း၊ ထိုအထဲတွင် ကလေး ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၁ သန်း ပါဝင် ကြောင်း UNOCHA က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအား ပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ် လိုအပ်နေကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ သုံးပုံ တစ်ပုံနီးပါးဖြစ်သော လူဦးရေ ၁၈ ဒသမ ၆ သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း၊ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း လူပေါင်း ၁ ဒသမ ၇ သန်းအပါအဝင် လူပေါင်း နှစ်သန်း ကျော်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း UNICEF Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိကလေးသူငယ် ခြောက် သန်းသည် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်နေပြီး လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခ၏ အကြီးမားဆုံး သောဝန်ထုပ်ဝန်ပိုးကို ရင်ဆိုင်နေရကြောင်း၊ နေရပ်နှင့်အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများ မြင့်တက်လာခြင်းနှင့် ဝန်ဆောင်မှုများပြတ် တောက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ က လေးငယ်များသည် အရေးပါသော ကာကွယ် ဆေးထိုးနှံမှုများနှင့် လွဲချော်နေပြီး ကာကွယ် ဆေးဖြင့် ကာကွယ်နိုင်သောရောဂါများ ဖြစ် ပွားနိုင်ခြေအန္တရာယ်မှာလည်း မြင့်မားနေ ကြောင်း၊ မြန်မာနိုင်ငံသည် ယခင်ကပင် အရှေ့တောင်အာရှတွင် အသက် ငါးနှစ် အောက် ကလေး သေဆုံးနှုန်း အမြင့်မားဆုံး နှင့် ရင်ဆိုင်နေရသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် မွေးဖွားချိန်မှ စ၍ ကာကွယ်ဆေး မထိုးနှံရသေးသော က လေးဦးရေ အများဆုံးနိုင်ငံများထဲတွင် မြန်မာ နိုင်ငံ ပါဝင်နေကြောင်း UNICEF Myanmar က ဆိုသည်။
ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း နှင့် အိမ်ထောင်စုဝင်ငွေများ ကျဆင်းလာခြင်း ကြောင့် မြန်မာမိသားစုများ အထူးသဖြင့် နေရပ်နှင့်အိုးအိမ်စွန့်ခွာထွက်ပြေးရသူများနှင့် ထိ ခိုက်လွယ်ဆုံးသူများသည် အစားအစာနှင့် သန့်ရှင်းသောရေအပါအဝင် ၎င်းတို့၏ အ ခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရုန်းကန်နေကြရပြီး ကလေးများ၊ ကိုယ်ဝန် ဆောင်များနှင့် နို့တိုက်မိခင်များမှာ အာဟာရ ချို့တဲ့မှု ပိုမိုဖြစ်ပေါ်ကာ ရေကြောင့်ဖြစ်ပွား သော ရောဂါများအန္တရာယ်များနှင့်လည်း ရင်ဆိုင်နေရကြောင်း UNICEF Myanmar က ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ်တွင် ကလေးသူငယ်များ အတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လှုပ်ရှားမှု (ံဗဃ) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ယူနီဆက်က စတင်ခဲ့ ပြီး မြန်မာနိုင်ငံရှိ ကလေးသူငယ် ၂ ဒသမ ၁ သန်းအပါအဝင် ထိခိုက်လွယ်ဆုံးလူဦးရေ ၃ ဒသမ ၁ သန်းအတွက် အသက်ကယ်ဆယ်ရေး အကူအညီနှင့် အရေးပါသော ဝန်ဆောင်မှု များပေးအပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ဒေါ်လာ ၂၀၈ ဒသမ ၃ သန်းလိုအပ်သော ယခု အစီအစဉ်သည် ကလေးသူငယ်ဦးရေ ၈၉၀ç၀၀၀ ကျော်အတွက် ပညာရေးဝန်ဆောင် မှုများ၊ ကလေးသူငယ်၊ ဆယ်ကျော်သက်နှင့် စောင့်ရှောက်သူ စုစုပေါင်း ၃၉၂၀၀၀ ဦးအ တွက် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ၊ လူဦးရေ ၈၅၀၀၀၀ အ တွက် အရေးပါသော သန့်ရှင်းသော ရေရှိရေး၊ တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆိုင်ရာပံ့ပိုးမှုများနှင့် ကလေးများနှင့် အမျိုးသ မီးဦးရေ စုစုပေါင်း ၃၅၀၀၀၀ အတွက်အခြေ ခံကျန်းမာရေးစောင့်ရှောက်မှုများပေးအပ် နိုင်မည်ဖြစ်ကြောင်း UNICEF Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်သည် ရန်ပုံငွေနည်းပါးခဲ့ သည့် တုံ့ပြန်ကူညီရေး အစီအစဉ်တို့ကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း များနှင့် ရုန်းကန်ခဲ့ရသည့် နှစ်တစ်နှစ်ဖြစ် ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင် ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန် ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်