
နေ့စဉ်နံနက် ၉ နာရီမိနစ် ၃၀ အချိန်တွင် မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံ၌ စကားပြောညက်သည့်အရာရှိတစ်ဦးက ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေး ဆောင်ရန်ရှောင်ရန်များ၊ ဖျားနာသူဦးရေနှင့် သေဆုံးသူဦးရေ မည်မျှထပ်တိုးလာသည်ကို နေ့စဉ်အစီရင်ခံတင်ပြလျက်ရှိသည်။
ယူယုံချိုသည် ယခင်ကလူသိနည်းသော်လည်း ယခုတော့ အထီးကျန်မြောက်ကိုရီးယားနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အဓိကကျသူအဖြစ် လူသိလာပြီဖြစ်သည်။ ဂျိုးဘိုင်ဒင်၏ ကျန်းမာရေးအကြံပေးအရာရှိချုပ် ဒေါက်တာအန်သနီဖောင်ချီကို အမေရိကန် ကိုဗစ်တိုက်ဖျက်ရေး၏အဓိကကျသူအဖြစ် သိထားကြသလိုပင် ယူယုံချိုသည်လည်း မြောက်ကိုရီးယား၏ဒေါက်တာဖောင်ချီအလားပင်။
နိုင်ငံအဝင်အထွက်များကို ပိတ်ထားစဉ် အချိန်နှစ်နှစ်ကျော်အတွင်း မြောက်ကိုရီးယား အစိုးရသည် ကိုဗစ်ဖြစ်ပွားသူတစ်ဦးတစ်လေရှိကြောင်းကိုမျှ ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ၊ မကြာမီရက်ပိုင်းကမှ ရောဂါကူးစက်မှုများ ဖြစ်နေကြောင်းကို ပထမဆုံးထုတ်ဖော်ကာ အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။
KCNA ရုပ်သံအဆိုအရ ယူယုံချိုသည် အရေးပေါ်ကပ်ရောဂါတားဆီးရေးဌာန (အသစ်ဖွဲ့စည်းလိုက်ပုံရ) တွင် တာဝန်ထမ်းဆောင်သူ ဖြစ်ပြီး သူ၏ဦးဆောင်မှုဖြင့် ၎င်းဌာနက နေ့စဉ်သတင်းစာရှင်းလင်းပွဲများ ပြုလုပ်လျက်ရှိသည်။ သို့သော် သတင်းထောက်များ၏မေးမြန်းချက်များ မပါဘဲ ပြုလုပ်ခြင်း ဖြစ်သည်။
သင့်တင့်လျှောက်ပတ်ပြီး လိုရင်းရောက်အောင် ပြောတတ်သည့် ယူယုံချို၏စကားပြောဟန်သည် မြောက်ကိုရီးယားရုပ်သံများတွင် မြင်တွေ့နေကျ သတင်းကြေညာသူများ၏ အမူပိုလွန်းသည့် ပုံစံမျိုးလည်း မပေါက်ပေ။
“ကူးစက်ထားသူတိုင်းကို ခြွင်းချက်မထားဘဲ သီးခြားခွဲထားနိုင်အောင် ကျွန်တော်တို့ ပိုပြီးကြိုးစားရပါမယ်။ ဒါမှသာ ရောဂါပျံ့နိုင်တဲ့ဘယ်နေရာမဆို သေချာရှောင်ရှားပြီး ဖြစ်မှာပါ”ဟု မစ္စတာယူက မေလ ၂၀ ရက် တွင် ပြောကြားထားသည်။
လက်ရှိမြောက်ကိုရီးယားတွင် လူဦးရေ ၂၆ သန်းရှိသည့်အနက် ဖျားနာသူနှစ်သန်းကျော်သွားပြီဖြစ်ပြီး သေဆုံးသူမှာ ၆၅ ဦး ရှိထားသည်။ ရောဂါစစ်ဆေးနိုင်စွမ်း မရှိသည့်အတွက် ကိုဗစ်အတည်ပြုဦးရေက မည်မျှရှိသည်ကိုကား ခွဲခြားမကြေညာနိုင်ပေ။
ဆေးပညာအရည်အချင်းအပါအဝင် ယူယုံချိုနှင့်ပတ်သက်သည့် နောက်ကြောင်းမှာ များများစားစား သိမထားကြပေ။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက နိုင်ငံပိုင်မီဒီယာသတင်းတစ်ခုတွင် မြောက်ကိုရီးယားကျန်းမာရေး ဝန်ကြီးဌာနမှ ၎င်းနှင့်နာမည်တူညွှန်ချုပ်တစ်ဦးက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ဇီဝဓာတုအကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် တောင်ကိုရီးယားဘက်က ကြံစည်နေသည်ဟု စွပ်စွဲပြောခဲ့ဖူးသည်။
တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန (မြောက်ကိုရီးယားအရေးကို ကိုင်တွယ်ရသည့်ဌာန) မှ အရာရှိတစ်ဦးကမူ ယူယုံချိုသည် ထိုရာထူးကို ယခင်က ယူခဲ့ဖူးသော်လည်း သတင်းထဲက ပုဂ္ဂိုလ်မှာ သူ ဟုတ်မဟုတ်မသေချာဟုဆိုသည်။
ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနမှ နောက်ထပ် အရာရှိတစ်ဦးကလည်း မြောက်ကိုရီးယားသည် အခြားနိုင်ငံများကို သင်ခန်းစာယူလိုက်ပုံရပြီး အခြေအနေ အရေးကြီးသည့်အလျောက် အချက်အလက်များ ချပြနေသည်ဟု မှတ်ချက်ပေးသည်။
သို့သော် ဆိုးလ်ရှိ မြောက်ကိုရီးယားအရေးလေ့လာမှုဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခ ယန်မူဂျင်က မြောက်ကိုရီးယားရှိ သေဆုံးသူဦးရေ သိသိသာသာနည်းနေမှုကို ထောက်ပြခဲ့ ပြီး နိုင်ငံရေးပြဿနာ မပေါ်ပေါက်လာအောင် သေဆုံးသူဦးရေကို လျှော့ထုတ်ပြန်ခြင်းဖြစ် နိုင်သည်ဟု သုံးသပ်သည်။ “လူဘယ်လောက် သေတယ် ထုတ်ပြန်တာဟာ နိုင်ငံရေးလည်း ထည့်တွက်ရတယ်။ သေတဲ့သူများလာရင် လူထုရဲ့အကြောက်တရား တိုးလာနိုင်တယ်။ စိတ်အချဉ်ပေါက်လာကြမယ်”ဟု ၎င်းက ပြောသည်။
မြောက်ကိုရီးယားအစိုးရကမူ ၎င်းတို့၏ကပ်ရောဂါတိုက်ဖျက်ရေးတွင် ရလဒ်ကောင်းများ ရနေသည်ဟု မေလ ၂၀ ရက်တွင် ကြေ ညာထားသည်။ တစ်ကမ္ဘာလုံး ပြီးခဲ့သည့် နှစ် နှစ်ကျော်ကာလကို ကပ်ရောဂါနှင့်နပန်းလုံး နေချိန် မြောက်ကိုရီးယားကမူ ကိုဗစ်ကင်းစင်နိုင်ငံအဖြစ် အတင်းလက်မထောင်ခဲ့သည်။သို့သော်မေလ ၁၂ ရက်မတိုင်မီအထိသာ ဖြစ်သည်။
■ နိုင်ငံမှာကိုဗစ်ကူးစက်နေမှု ကမ္ဘာကို ဘာ့ကြောင့် ကြေညာ
မြောက်ကိုရီးယားနိုင်ငံတွင် ကိုဗစ်ရောဂါ ဖြစ်ပွားနေမှု မေလ ၁၂ ရက်တွင် ကမ္ဘာကို တရားဝင် ကြေညာခဲ့သည်။ ယခုလိုကြေညာလိုက်သည့်အကြောင်းက ခေါင်းဆောင် ကင်ဂျုံအန် ကြံရာမရဖြစ်နေ၍ဖြစ်နိုင်သည်ဟု တောင်ကိုရီးယား ဖူဆန်အမျိုးသားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ရောဘတ်အီးကယ်လီ ကပြောကြားသည်။
ကပ်ရောဂါအစောပိုင်းအဆင့်များတွင် ကူးစက်သူအရေအတွက်ကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ကိုင်တွယ်နိုင်သော်လည်း ကူးစက်ပျံ့နှံ့မြန်သည့် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲနှင့် ကြုံလာသည့်အခါ ထိုသို့မဟုတ်တော့ပေ။
လူဦးရေ ၂၆ သန်းကလည်း ကာကွယ်ဆေးထိုးရသေးဖွယ်မရှိ ျွှံဥ ၏ကိုဗစ် ကာကွယ်ဆေး အညီအမျှခွဲဝေပေးရေး COVAX စီမံကိန်းအရ ရရှိလာမည့်ကာကွယ်ဆေးများကိုလည်း လက်မခံခဲ့သည့်အတွက် ယခုဆိုက်နေသည့်အကျပ်အတည်းသည် မြောက်ကိုရီးယားအတွက် ကပ်ဆိုက်မှုကြီးတစ်ခုဖြစ်လာနိုင်သည်။
■ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်စွမ်း မရှိ
မြောက်ကိုရီးယားဟုဆိုလိုက်လျှင် နျူ ကလီးယားဒုံးကျည်များ၊ ရန်လိုသည့်လေလုံး များဖြင့် အများဆုံးတွဲမြင်ကြမည်ဖြစ်သည်။ ကိုဗစ်ဖြစ်ပွားမှုကို တရားဝင်ကြေညာလိုက်ပြီး နာရီပိုင်းအကြာမှာပင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်သုံးစင်း ပစ်လွှတ်လိုက်သေး သည်။
လူသိနည်းသည်က နိုင်ငံ၏ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍပင်။ ြွဥ များနှင့် တောင်ကိုရီးယားရောက်မြောက်ကိုရီးယား ပြည်ပြေးများ၊ အနောက်အုပ်စုများက မြောက်ကိုရီးယားမြို့ငယ်လေးများတွင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းလှသည်ကို သတိပြုမိကြသည်။ ခေတ်မီကျန်းမာရေးစက်ကိရိယာများ၊ အထူးကြပ်မတ်ကုသဆောင်များဆိုလျှင် ပြည်သူအများစုအတွက် စိတ်ကူး ယဉ်သာသာဖြစ်၍နေသည်။
ျွှံဥ အဆိုအရ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု မစတင်ရသေးသည့် နိုင်ငံနှစ်နိုင်ငံရှိပြီး ၎င်းမှာ အရှေ့အာဖရိကရှိ အီရစ်ထရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံ ဖြစ်သည်။မြောက်ကိုရီးယားက တရုတ်မှကာကွယ်ဆေးများ ပေးမည်ဆိုသော်လည်း လက်မခံပေ။သို့သော်မေလ ၁၇ ရက် တောင်ကိုရီးယား သတင်းများအရ ကျန်းမာရေးအထောက်အပ့ံပစ္စည်းများသယ်ရန် တရုတ်သို့ မြောက်ကိုရီးယားလေယာဉ်လွှတ်ထားခဲ့သည်။
■ ပြည်ပအကူအညီကို ကင်ဂျုံအန် လက်ခံမှာလား
ကိုဗစ်ဖြစ်ပွားမှုကို ကမ္ဘာသိအောင် ကြေညာလိုက်ခြင်းသည် မြောက်ကိုရီးယားက အကူအညီမတောင်းရဘဲ အကူအညီများ ဝင်လာအောင် တံခါးဖွင့်ပေးလိုက်ခြင်းဖြစ်သည်။သို့သော်၎င်း၏ ရောဂါထိန်းချုပ်ကိုင်တွယ်ပုံသည် ကျန်းမာရေးထက် နိုင်ငံရေးဘက် ပိုသွားနေမည်လား မသိနိုင်ပေ။
တောင်ကိုရီးယားသမ္မတသစ် ယွန်ဆော့ယောက ကာကွယ်ဆေးများ ၊ ဆေးကိရိယာများ၊ ကျန်းမာရေးဝန်ထမ်းများ စသည့်အကူအညီများကို အစွမ်းကုန်ပေးပါမည်ဟု ကမ်းလှမ်းသော်လည်း ယိုယွင်းကျဆုံးနေသည့်နိုင်ငံတစ်ခုကို ကူညီခြင်းမျိုးမဟုတ်မှသာ မြောက်ကိုရီးယားဘက်က လက်ခံလိမ့်မည် ဖြစ်သည်။
ယခုကပ်ရောဂါပျံ့နှံ့နေမှုသည် ကင်ဂျုံ အန်အတွက် နိုင်ငံရေးစိန်ခေါ်မှုဖြစ်လာနိုင်သည်ဟု မြောက်ကိုရီးယားပြည်ပြေးများက ယူဆနေကြသည်။
၂၀၀၆ ခုနှစ်က မြောက်ကိုရီးယားမှ ထွက်ပြေးလာသည့် လက်ရှိတောင်ကိုရီးယားလွှတ်တော်အမတ်ဖြစ်နေသူ ဂျီဆောင်ဟိုက မြောက်ကိုရီးယား၏ကျန်းမာရေးစနစ်အား မကောင်းသည့်အတွက် ဗိုင်းရပ်စ်ပျံ့မှုပိုမြန်ဆန်လာနိုင်သည်ဟု သတိပေးကာ ၁၉၉၀ ပြည့်နှစ်လွန် အငတ်ဘေးဆိုက်စဉ်က တိုက်ဖွိုက်ဖြစ်ပြီး လူများ အတုံးအရုန်း သေဆုံးခဲ့သည့်ဖြစ်ရပ်သည် မြောက်ကိုရီးယားအစိုးရ အတွက်ရော ၊ ပြည်သူများအတွက်ပါ အိပ်မက်ဆိုးဖြစ်ခဲ့ရသည်ဟု လွှတ်တော်အစည်းအဝေးတစ်ရပ်တွင် ပြောကြားသွားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်