
အနောက်အာဖရိကနှင့် အလယ်အာဖရိကတို့တွင် အတွေ့ရများသော ဗိုင်းရပ်စ်ကူး စက်ရောဂါတစ်မျိုး ဖြစ်သည့် မျောက်ကျောက် (Monkeypox) ရောဂါ ကူးစက်ခံရသူများ ဥရောပနှင့် အခြားနေရာများ၌ တိုးလာနေ ခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးတာဝန်ရှိသူများက သတိပေးခဲ့ကြသည်။
မေလ ၂၁ ရက်အထိ မျောက်ကျောက်ကူးစက်ခံရကြောင်း အတည်ပြုထားသူ ၉၂ ဦးနှင့် ကူးစက်ခံရသည်ဟု သံသယရှိသူ ၂၈ ဦး ရှိနေသည်ဟု အဆိုပါဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေသော အဖွဲ့ဝင် ၁၂ နိုင်ငံက သတင်း ပို့ခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ထုတ်ပြန်ချက်အရ သိရသည်။
မျောက်ကျောက်ကူးစက်ရောဂါကို တွေ့ရလေ့မရှိသော နိုင်ငံများ၌ စောင့်ကြည့်မှုများ တိုးချဲ့လုပ်ဆောင်နေသောကြောင့် နောက်ထပ်ကူးစက်ခံရသူများကိုတွေ့ရမည်ဟု မျှော်လင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။ မျောက်ကျောက်ပြန့်ပွားမှု လျော့ပါးရေးနှင့်စပ်လျဉ်း၍လည်း လာမည့်သီတင်းပတ်များတွင် နိုင်ငံများကို နောက်ထပ်လမ်းညွှန်ချက်များ၊ အကြံပြုချက်များ ပံ့ပိုးပေးမည် ဟု ဆိုသည်။
လတ်တလောဖြစ်ပွားနေသော မျောက်ကျောက်ရောဂါနှင့်ယင်းရောဂါနှင့်ဆက်စပ်နေသော အန္တရာယ်အကြောင်းကို ဖော်ပြလိုက်ပါသည်။
■ ဘယ်လောက်အန္တရာယ်များသလဲ
လူထုအတွက် အန္တရာယ်သည် ယခုအချိန်တွင် နည်းပါးနေသည်ဟု မတ်လ ၂၀ ရက် သတင်းစာရှင်း လင်းပွဲတွင် အမေရိကန်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
မျောက်ကျောက်သည် ဖျားနာခြင်း၊ ကိုက်ခဲခြင်းတို့အပါအဝင် ရောဂါလက္ခဏာများ ပေါ်လာသည့် ဗိုင်းရပ်စ်ဖြစ်၍ အရေပြား၌ အဖုအပိမ့်အနီကွက်များ ထစေသော ကူးစက်ရောဂါဖြစ်သည်။
မျောက်ကျောက်သည် ရေကျောက်နှင့် ဆက်စပ်နေသည်ဆိုသော်လည်း ထုံးစံအားဖြင့် ပိုမိုပျော့ပျောင်းသည်။ အထူးသဖြင့် အမေရိကန်တွင်ကူးစက်ခံရသော အနောက်အာဖရိကဗိုင်းရပ်စ်သည် ပိုမိုပျော့ပျောင်းကာ သေဆုံးနှုန်းမှာ တစ်ရာခိုင်နှုန်း ဝန်းကျင်ရှိသည်။ လူအများစုသည် သီတင်းပတ်နှစ်ပတ်မှ လေးပတ်အတွင်း အပြည့်အဝပြန်ကောင်းလာသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုဗိုင်းရပ်စ်သည် ကိုဗစ်ကမ္ဘာ့ကပ် ရောဂါကို ဖြစ်စေခဲ့သည့် SARS-CoV-2 ဗိုင်းရပ်စ်လောက် ကူးစက်လွယ်သည့် ဗိုင်းရပ်စ်မဟုတ်ပေ။
လတ်တလောဖြစ်ပွားနေသော မျောက်ကျောက်ကူးစက်ရောဂါသည် ယားယံအဖုအပိမ့်များထွက်နေသူ၏ အရေပြားနှင့် ထိတွေ့ မိရာမှတစ်ဆင့် ပျံ့နှံ့နေခြင်းဖြစ်သည်ဟု ပညာရှင်များက ယုံကြည်ထားကြသည်။ ကူး စက်ခံရသူများကို ဖော်ထုတ်နိုင်သည်နှင့် တစ်ပြိုင်တည်း ကူးစက်မှုကို ထိန်းရလွယ်ကူ စေမည်ဟု ပညာရှင်များက ပြောသည်။
“ကိုဗစ်ဟာ အသက်ရှူလမ်းကြောင်းကနေ ကူးစက်တာဖြစ်ပါတယ်။ ကူးစက်မှု အလွန်မြန်ပါတယ်။ မျောက်ကျောက်ကတော့ အဲ့ဒီလိုမဟုတ်ပါဘူး” ဟု မက်ဆာချူးဆက် အထွေထွေဆေးရုံမှ ဒေါက်တာမာတင်ဟာ့ရှ် က ပြောကြားသည်။
“အခုဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါကတော့ လိင်အင်္ဂါမှာဖြစ်တာ၊ လိင်ဆက်ဆံမှုကြောင့်ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ လူထုထဲကို ရောက်လာတာဖြစ်ပါတယ်။ လိင်ပိုင်း ဆိုင်ရာအရ ကူးစက်တဲ့ရောဂါဖြစ်နေပါတယ်” ဟု ကူးစက်ရောဂါအထူးကျွမ်းကျင်သူ ဖြစ်သော WHO တာဝန်ရှိသူ ဒေးဗစ်ဟေမန်း က ပြောသည်။
■ ကျန်းမာရေးပညာရှင်များ စိုးရိမ်သည့်အရာ
မကြာသေးမီက ဖြစ်ပွားနေသော မျောက်ကျောက်ကူးစက်ရောဂါသည် တစ်မူထူးခြားနေသည်ဟု WHO က ပြောသည်။ မျောက်ကျောက်ရောဂါ ဖြစ်ပွားလေ့မရှိသော နိုင်ငံများတွင် ကူးစက်နေခြင်းဖြစ်သည်ဟု ဆိုသည်။ သိပ္ပံပညာရှင်များသည် လတ်တလောကူးစက်မှုဖြစ်စဉ်များ၏ ဇာစ်မြစ်ကို နားလည်ရန် ကြိုးပမ်းနေကြသည်။ ယင်းဗိုင်းရပ်စ်သည် ဗီဇပြောင်းလဲသွားခြင်းရှိ မရှိဆိုသည်ကို နားလည်ရန် ကြိုးစားနေခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ ကူးစက်ခံရကြောင်း အတည်ပြုထားသည့် ကူးစက်မှုအများစုကို ဗြိတိန်၊ စပိန်နှင့် ပေါ်တူဂီတို့တွင်တွေ့ရသည်။ ကနေဒါနှင့် သြစတြေးလျတို့တွင်လည်း မျောက်ကျောက်ကူးစက်ခံရသူများ ရှိနေ သည်။ အမေရိကန်နိုင်ငံ ဘော်စတွန်မြို့တွင်လည်း မျောက်ကျောက်ကူးစက်ခံရသူတစ်ဦးရှိနေသည်ဟု တာဝန်ရှိသူများက အတည်ပြု ထားပြီး အမေရိကန်ပြည်ထောင်စုတွင် မျောက်ကျောက်ကူးစက်ခံရသူများ ပေါ်လာ ဦးမည်ဟု ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။
ဥရောပနှင့် အခြားသောနေရာများတွင် လာတော့မည့်နွေလများ၌ ပွဲတော်များ၊ ပါတီ ပွဲများနှင့် အားလပ်ရက်များအတွက် လူများစုဝေးကြမည့် အနေအထားရှိနေသောကြောင့် နောက်ထပ်ကူးစက်မှုများ မြင့်တက်လာနိုင်သည်ကို စိုးရိမ်နေကြောင်း WHO တာဝန်ရှိ သူများက ပြောကြားခဲ့ကြသည်။
■ ဗြိတိန်တွင် ကူးစက်ခံရသူတိုးလာ
အင်္ဂလန်နှင့် စကော့တလန်တို့တွင် နောက်ထပ်မျောက်ကျောက်ဖြစ်ပွားသူ စုစုပေါင်း ၃၇ ဦးကို တွေ့ရှိခဲ့ သည်ဟု မေလ ၂၃ ရက်တွင် ပြည်သူ့ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဗြိတိန်တွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ စုစုပေါင်းသည် ၅၇ ဦးအထိ ရှိလာပြီဖြစ်သည်။ အင်္ဂလန်တွင် မျောက်ကျောက်ကူးစက်ခံရကြောင်း အတည်ပြုထားသူ ၃၆ ဦးရှိပြီး နယ်စပ်မြောက်ပိုင်းတွင် ကူးစက်ခံရသူတစ်ဦးရှိသည်ဟု ဗြိတိန်ကျန်းမာလုံခြုံမှုဌာနနှင့် စကော့တလန်ပြည်သူ့ကျန်းမာရေးဌာနတို့က ထုတ်ပြန်ခဲ့သည်။
မျောက်ကျောက်ရောဂါလက္ခဏာပြသူများ သို့မဟုတ် အတည်ပြုလူနာနှင့်ထိတွေ့ထားသဖြင့် ကူးစက်ခံရနိုင်ခြေမြင့်မားသူများ အနေဖြင့် ၂၁ ရက်ကြာ သီးခြားခွဲ၍ နေထိုင်ရမည်ဟု ဗြိတိန်ကျန်းမာရေးဌာနက ပြောသည်။ အနီးကပ်ထိတွေ့သူများကို ထိုးပေးမည်ဟု ကမ်းလှမ်းထားသည့် ရေကျောက်ကာ ကွယ်ဆေးကိုလည်း ဗြိတိန်အစိုးရက ဝယ်ယူထားသည်ဟု ဆိုသည်။
ဗြိတိန်တွင် မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရသူ အများစုမှာ ကူးစက်ခံထားရသူနှင့် အနီးကပ်ထိ တွေ့ခြင်းကြောင့် ကူးစက်ခံကြရခြင်းဖြစ်သည်ဟု ဆိုသည်။ မကြာသေးမီက ဗြိတိန်နှင့် ဥရောပတို့တွင် အများဆုံး တွေ့ရသည့် ကူးစက်ခံရသူများမှာ မိန်းမလျာများ၊ အမျိုးသမီးနှင့်ရော အမျိုးသားနှင့်ပါ လိင်ဆက်ဆံကြသူများဖြစ်သည်ဟု ဆိုသည်။
■ ကူးစက်မှုကို ဘယ်လိုကာကွယ်မလဲ
ရေကျောက်ကာကွယ်ဆေးက မျောက်ကျောက်ကိုလည်း ကာကွယ်နိုင်သည်။ ထို့ကြောင့် လူနာများကို စောင့်ရှောက်မှုပေးနေခိုက် ကူးစက်အန္တရာယ်ရှိနိုင်သည့် ကျန်းမာရေးလုပ်သားများကို ဗြိတိန်တွင် ရေကျောက် ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီဖြစ်သည်။ အမေရိကန်၌လည်း ပြည်သူအားလုံးကို ကာကွယ်ဆေးထိုးနှံပေးရန် Strategic National Stockpile(SNS) တွင် သိုလှောင်ထားသည့် ရေကျောက်ကာကွယ်ဆေး အလုံအလောက်ရှိသည်ဟု အစိုးရက ပြောကြားသည်။
ရေကျောက်အတွက် ဗိုင်းရပ်စ်သတ်ဆေးများ ရှိနေပြီး အချို့သောအခြေအနေများတွင် ထိုဆေးများကို မျောက်ကျောက်ကုသရာတွင် အသုံးပြုနိုင်သည်ဟု အမေရိကန်ကျန်းမာရေးနှင့် လူသားဌာနက ထုတ်ပြန်ထား သည်။ နေမကောင်းသူများ သို့မဟုတ် ယားယံ ဖျားနာသူများနှင့် ထိတွေ့ခြင်းကို ရှောင်သင့်သည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။ မိမိ မျောက်ကျောက်ဖြစ်နေသည်ဟု သံသယရှိသူများအနေဖြင့် သီးခြားခွဲ၍ နေထိုင်သင့်ပြီး ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုကို ခံယူသင့်သည်။
■ ကူးစက်မှုမြင့်တက်လာသည့် အကြောင်းရင်းများ
“ဗိုင်းရပ်စ်တွေက အသစ်အဆန်းမဟုတ်ပါဘူး။ ဖြစ်ရိုးဖြစ်စဉ်ပါပဲ” ဟု ကနေဒါရှိ ရောဂါပိုးမွှားဗေဒပညာ ရှင်အိန်ဂျယ်လာရက်ဆ မူဆင်က ပြောကြားသည်။
မြင့်တက်လာသည့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ အပါအဝင် အကြောင်းအရင်းအများအပြားသည် ဗိုင်းရပ်စ်များပေါ်လာခြင်းနှင့် ဗိုင်းရပ်စ်များ ပျံ့နှံ့လာခြင်းတို့ကို အရှိန်အဟုန်မြန်စေသည်ဟု ရက်ဆမူဆင်က ပြောပါသည်။ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ရောဂါဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာသည် မည်သည့်ကပ် ရောဂါသစ်များအတွက် မဆိုပို၍ နိုးနိုးကြားကြားရှိနေပြီဟု သူက ပြောပါသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်