
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ စပေါ့ ကျေးရွာ တွင် ဇန်နဝါရီ ၁၃ ရက် နံနက် ၁ နာရီက မြေစာ နွံကန်ပေါက်ကျမှု တွင် သေဆုံးသူ ၁၉ ဦး ကို ရှာဖွေ တွေရှိထားကြောင်း သိရသည်။
လူနေအိမ်ခြေ ၅၇ လုံး ပြိုကျ ခဲ့ပြီး ဆက်လက် ဆယ်ယူရန်မှာ နွံထုထည်ကြောင့်အခက်အခဲ ဖြစ်နေကြောင်း ကူညီရေးအဖွဲ့များက ဆိုသည်။
"မနေ့က ၁၄ ဦး ရတယ်။ မနက်က သဂြိုဟ်တာ ၊ဆုတောင်းတာတွေ ဘာသာရေးအတိုင်း လုပ်လိုက်ပြီ။ ဒီနေ့က ငါး ဦးပေါ့။နှစ်ယောက်က နွံထဲမှာ ဖယ်နေတုန်း။ကလေးငယ်လေးတွေက လေးယောက်ပါတယ်။ပျောက်ဆုံးကတော့ ၁၅ ဦးပဲစာရင်းပေးတယ်။ တာဝန်ယူတဲ့ အဖွဲ့တော့မရှိဘူး"ဟု ကူညီရေးတွင် ပါဝင်သူ တစ်ဦးက ဆိုသည်။
သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများက ကုမ္ပဏီစက်ယန္တရားများ အသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ဝှေခါကျေးရွာ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှု မှ ရေမဆေးကျောက်ရှာဖွေသူ ၁၉၀ ကျော် သေဆုံးခဲ့မှုသည် ဖားကန့်ဒေသတွင် အသေအပျောက်အများဆုံး သေဆုံးမှု ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်