
လူမှုကွန်ယက်မှတစ်ဆင့် တရားမဝင်နိုင်ငံခြားငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်း ဆောင်ရွက်လျက်ရှိသည့် Facebook Group(၁၂)ခု၊ Facebook Page (၅)ခု၊ လူပုဂ္ဂိုလ်နှင့် Facebook Account ပိုင်ရှင် (၁၀) ဦးတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူနိုင်ရေး စိစစ်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် ဈေးကစားမှုများ မဖြစ်စေရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သော နိုင်ငံခြားငွေများကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလွှဲကောင်တာများတွင် ရောင်းချခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ယင်းဥပဒေအရ ထုတ်ပြန်သော ညွှန်ကြားချက် များကို နိုင်ငံခြားငွေများလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လိုက်နာ ဆောင်ရွက်စေရန်အတွက် နိုင်ငံခြားငွေလဲကောင်တာများအား စစ်ဆေးလျက်ရှိသည့်အပြင် လိုင်စင်မရှိဘဲ အရောင်း၊ အဝယ် ပြုလုပ်နေသူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး Hundi လုပ်ငန်းလုပ်ကိုင်ကြောင်း ကျော်စောသတင်း ပေါ်ပေါက်သူများအား စစ်ဆေးမေးမြန်းခြင်းနှင့် ယင်းကျော်စောသူများ၏ ဘဏ်စာရင်းများနှင့် ဘဏ်စနစ်ကို အသုံးပြုပြီး ငွေလွှဲပြောင်းခြင်းများအားစိစစ်၍ အရေးယူနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိကာလတွင်လည်း အရေးယူဆောင်ရွက်လျက်ရှိရာ၌ သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် (၂၆) ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူပုဂ္ဂိုလ်(၉)ဦးအား အမှုဖွင့် အရေးယူထားပြီးဖြစ်သကဲ့သို့ (၆)ဦးအား တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီး ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် တရားမဝင်နိုင်ငံခြားငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ဆောင်ရွက်လျက်ရှိသည့် facebook Group များဖြစ်သည့် Gold Price Ygn (ဒေါ်လာ/ရွှေကုန်သည်များဂရု) Private Group၊ နေ့စဉ် ရွှေဈေး၊ ငွေဈေး Public Group၊ USD Exchange Myanmar Public Group ၊ Daily Exchange Rates For Myanmar (USD/SGD/EURO/AUD/BAHT) Public Group၊ ငွေလွှဲနှုန်း Singapore-Myanmar Public Group၊ Thai TH MyanmarMM Currency Public Group၊ နိုင်ငံတကာငွေကြေးဈေးနှုန်းများ Public Group၊ ယူရိုဒေါ်လာ ရောင်းဝယ်ပို့ဆောင်သူများ ဆုံဆည်းရာ Public Group၊ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း (Currency Exchange) Private Group၊ ကမ္ဘာ့ရွှေ၊ မြန်မာ့ရွှေ၊ ရေနံ၊ စတော့ရှယ်ယာ နှင့် နိုင်ငံတကာငွေကြေးဈေး ကွက် Public Group၊ ရွှေဈေး၊ ငွေဈေး၊ ဒေါ်လာဈေး ($$) Public Group၊ ဂျပန်၊ မြန်မာ ငွေလွှဲ/ငွေပို့ဝန်ဆောင်မှု Public Group၊ Facebook Page များဖြစ်သည့် ရွှေဈေး၊ ငွေဈေး Facebook Page၊ ရွှေစျေး Facebook Page၊ အခေါက်ရွှေဈေး Facebook Page၊ MC Exchange Facebook Page၊ Golden Myanmar Facebook Page၊ လူပုဂ္ဂိုလ်များ နှင့် Facebook Account ပိုင်ရှင်များဖြစ်သည့် ကျော်ကျော်ဦး ၁၃/လရန(နိုင်)၁၈၈၈၅၈၊ ကျော်ထွန်းလင်း ၉/ပမန(နိုင်)၁၉၁၇၅၀၊ သိန်းတိုးအောင် ၁၃/ကလန(ဧည့်)၀၀၀၆၂၅၊ ရင်ရင်မျိုး ၁၃/လရန(နိုင်)၁၉၁၂၁၈၊ ကောင်းမြတ်ကျော် ၁၂/ရကန(နိုင်)၀၈၉၁၆၆၊ လုံဖူး ၁၃/ဟပတ (နိုင်)၀၁၄၂၀၈၊ နှင်းခရေ ၈/ရစက(နိုင်) ၂၅၇၀၀၄၊ Tat Lu (Zayar Tun) Facebook Account၊ Kyaw Thiha Facebook Account၊Mali Kha Facebook Account၊ စသည်တို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူနိုင်ရေး စိစစ်ဖော်ထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပေးထားသည့် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြား ငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်မှ ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်