
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ၄င်းတို့အနေဖြင့် စပိန်ထိပ်သီးအသင်းများဖြစ်သည့် ဘာစီလိုနာ ရီးယဲလ်မက်ဒရစ်တို့နှင့်အပြိုင် ထိပ်တန်းကစားသမားများကို ခေါ်ယူရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက မန်စီးတီးအသင်းစိတ်ဝင်စားနေသည့် အေဂျက်စ်လူငယ်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်း (၂၁ နှစ်) အား ပြောင်းရွှေ့ကြေး ယူရို (၈၆)သန်းအပြင် တစ်ပတ်လစာပေါင် (၃) သိန်းပေးကာ ခေါ်ယူခဲ့သည်။
ထို့ကြောင့် ဂွါဒီယိုလာက ၄င်းတို့အနေဖြင့် ဘောလုံးစျေးကွက်တွင် နာမည်ထွက်ပြီးသား ထိပ်တန်းကစားသမားများကို ခေါ်ယူရန်ထက် အမည်မထွက်သေးသည့် လူငယ်ကစားသမားများကို ခေါ်ယူရန်သာ ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂွါဒီယိုလာက '' PSG အသင်းကို နေမာပြောင်းရွှေ့သွားပြီးတဲ့နောက်မှာ ကစားသမားတွေရဲ့ပြောင်းရွှေ့ကြေးတွေရော လစာတွေပါ မြင့်တက်လာလိုက်တာ အံ့မခန်းပါပဲ။ ဒါကြောင့် ကံဆိုးစွာနဲ့ပဲ ကျွန်တော်ဟာ ကစားသမားတွေကို စျေးကြီးပေးပြီး ခေါ်ယူခဲ့ရတာတွေရှိပါတယ်။ ကစားသမားတွေကို ဝယ်ယူတဲ့နေရာမှာ မြန်ဆန်ဖို့နဲ့ ပါးနပ်ဖို့လိုပါတယ်။ ဒီအချိန်မှာ ထိပ်တန်းကစားသမားတွေကို ဝယ်ယူဖို့ တအားခက်သွားပါပြီ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့စျေးတွေက ကြီးမြင့်လွန်းနေပါတယ်။ ဘာစီလိုနာ၊ ရီးယဲလ်တို့နဲ့ ယှဉ်ပြိုင်ပြီး ကစားသမားတွေဝယ်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို ကျွန်တော်ကြိမ်ဖန်များစွာပြောခဲ့ဖူးပါတယ်။ အဲဒီ (၂)သင်းက သူတို့ရဲ့သမိုင်းအစဉ်အလာတွေအပြင် ငွေကြေးကလည်း ကြွယ်ဝလွန်းပါတယ်။ ကစားသမားတွေကပဲ ဘယ်အသင်းကိုသွားမယ်ဆိုတာ ရွေးချယ်ရပါလိမ့်မယ်။ မန်စီးတီးကိုတော့ အဆင်ပြေမယ်လို့ထင်တဲ့ကစားသမားတွေ လာကြပါလိမ့်မယ်" ဟုပြောကြားခဲ့သည်။
ထို့ပြင် ဂွါဒီယိုလာက ၂၀၂၀ ခုနှစ်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် (၃၃) နှစ်အရွယ် စပိန်ဝါရင့်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားအား အသင်းတွင် ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒရှိနေကြောင်းလည်း ဖွင့်ဟပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်