Top News

စီဒရစ်ကို ရာသီကုန်အထိအငှားဖြင့် ခေါ်ယူနိုင်ခဲ့ပြီဟု အင်တာမီလန်အသင်းထုတ်ပြန်
24htopnews | January 15, 2025 4:12 PM CST

အင်တာမီလန်အသင်းသည် ဆောက်သမ်တန်အသင်း နောက်ခံလူ စီဒရစ်အား ယခုရာသီကုန်အထိ အငှားဖြင့်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းအတည်ပြုထုတ်ပြန်ခဲ့သည်။

အင်တာမီလန်အသင်းသည် အသက် (၂၇) နှစ်အရွယ်ရှိ ပေါ်တူဂီနောက်ခံလူ စီဒရစ်ကို ရာသီကုန်အထိ အငှားခေါ်ယူခဲ့ခြင်းအတွက် ပေါင် (၅) သိန်းပေးချေခဲ့ရပြီး ပေါင် (၉.၅) သန်းဖြင့်အပြီးသတ် ခေါ်ယူခွင့်ကိုပါ စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရသည်။

အင်တာမီလန်အသင်း၏ ထုတ်ပြန်ချက်တွင် '' စီဒရစ်ဟာ ကျွန်တော်တို့အင်တာမီလန်အသင်းရဲ့ ကစားသမားသစ်ဖြစ်လာခဲ့ပါပြီ။ အသက် (၂၇) နှစ်ရှိပြီဖြစ်တဲ့ စီဒရစ်ဟာ ဆောက်သမ်တန်အသင်းကနေ ရာသီကုန်အထိ အငှားနဲ့ အသင်းကို ပြောင်းရွှေ့လာတာဖြစ်ပြီး အပြီးသတ် ခေါ်ယူခွင့်ကိုပါ စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားပါတယ်'' ဟု ပါရှိသည်။

စီဒရစ်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စပို့တင်းလစ္စဘွန်းအသင်းတွင် စတင်ခဲ့သူဖြစ်ပြီး ဆောက်သမ်တန်အသင်းကို ၂၀၁၅ ခုနှစ်တွင် ယူရို (၆.၅) သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။

၄င်းသည် ဆောက်သမ်တန်အသင်းအတွက် (၄) ရာသီအတွင်း ပြိုင်ပွဲစုံ (၁၁၂) ပွဲကစားခဲ့ပြီး (၂) ဂိုးသွင်းယူနိုင်ခဲ့သည်။ အင်တာမီလန်အသင်းသည် စီဒရစ်ကို ဒဏ်ရာရနေသည့် ဗာဆယ်လ်ကိုနေရာတွင် အစားထိုးရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK