
စပါးအသင်းနည်းပြ ပိုချက်တီနိုက ဒဏ်ရာပြဿနာများကြောင့် အပြောင်း အရွှေ့မပိတ်မီ ကစားသမားသစ်ခေါ်ယူ ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားသည်။
စပါးအသင်းသည် ကွင်းသစ်တည်ဆောက်မှုကြောင့် အသုံးစရိတ်ချွေတာလျက်ရှိပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင်လည်း ကစားသမားသစ်တစ်ဦးမျှ ခေါ်ယူခဲ့ခြင်းမရှိကြောင်း သိရသည်။
ယခု ဇန်နဝါရီတွင်လည်း ကစားသမားခေါ်ယူရန် အစီအစဉ်မရှိကြောင်း ပိုချက်တီနိုက ပြောကြားထားသော်လည်း ဟာရီကိန်းနှင့် အယ်လီ ဒဏ်ရာကြောင့် နှစ်လကြာ အနားယူရမည်ဖြစ်သလို ဆစ်ဆိုကိုနှင့် ဘင်ဒေးဗီးစ်မှာလည်း လိဂ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်၌ ဒဏ်ရာရရှိ ခဲ့သဖြင့် ယင်းကဲ့သို့ ပြန်လည်ပြောကြားခြင်း ဖြစ်သည်။
''အပြောင်းအရွှေ့ကာလပြီးဆုံးဖို့ ခြောက်ရက် (စနေနေ့တွင် ပြောကြားခြင်းဖြစ်) ကျန်ပါသေးတယ်။ ဘာတွေဖြစ်လာမလဲဆို တာ စောင့်ကြည့်ကြတာပေါ့။ ကျွန်တော်တို့ ကတော့ လုပ်စရာရှိတာတွေ လုပ်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီမှာ ရွေးချယ်စရာ တချို့လည်းရှိပါတယ်။ လက်ရှိလူစာရင်းနဲ့ပဲ ဆက်သွားမလား၊ ဖြည့်တင်းမှုလုပ်နိုင်မလားဆိုတာ ကြည့်ရပါမယ်''ဟု ပိုချက်တီနိုက ပြောကြားသည်။
အပြောင်းအရွှေ့ကာလမှာ ဇန်နဝါရီ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး စပါးအသင်းအနေဖြင့် PSG အသင်းကွင်းလယ်လူ ရာဘီယူကိုခေါ်ယူရန် စိတ်ဝင်စားနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်