Top News

ဇန်နဝါရီလအတွင်း အသင်းမှ ပြောင်းရွှေ့ကြေးလွတ်ထွက်ခွင့်ပေးထားခြင်းအပေါ် ဗလင်စီယာ အံ့အားသင့်နေ
24htopnews | January 15, 2025 4:12 PM CST

ဗလင်စီယာသည် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး မန်ယူအသင်းက သူ့အား စာချုပ်သစ်မချုပ်ဆိုတော့သည့်အပြင် စောစီးစွာလမ်းခွဲရန် စီစဉ်နေခြင်းဖြစ်သည်။  

မန်ယူအသင်းတာဝန်ရှိသူများသည် အသင်းခေါင်းဆောင် ဗလင်စီယာအား ယခုဇန်န၀ါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာနိုင်သည်ဟု အသိပေးထားပြီး ယင်းကဲ့သို့ အသင်းမှ ခွင့်ပြုခဲ့ခြင်းအပေါ် ဗလင်စီယာမှာ အံ့အားသင့်နေကြောင်း သိရှိရသည်။ 

ဗလင်စီယာသည် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး မန်ယူအသင်းက သူ့အား စာချုပ်သစ်မချုပ်ဆိုတော့သည့်အပြင် စောစီးစွာလမ်းခွဲရန် စီစဉ်နေခြင်းဖြစ်သည်။  

အသက်(၃၃ နှစ်)အရွယ်ရှိ ဗလင်စီယာသည် ၂၀၀၉ ခုနှစ်မှစတင်၍ မန်ယူအသင်းတွင် ကစားခဲ့သူဖြစ်ပြီး ယခုရာသီ မန်ယူအသင်း နည်းပြ ဆိုးလ်ရှား၏လက်အောက်တွင် ပုံမှန်ကစားခွင့်ပျောက်ဆုံးလျက်ရှိသည်။ 

ဆိုးလ်ရှား ကိုင်တွယ်သော မန်ယူအသင်းတွင် ဗလင်စီယာမှာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲသာ ကစားခဲ့ရပြီး ပွဲအတော်များများ၌ အရန်ကစားသမားအဖြစ်ပင် ပါဝင်ခွင့်မရခဲ့ပေ။

အီကွေဒေါလက်ရွေးစင် ၀ါရင့်နောက်ခံလူ ဗလင်စီယာအား ခေါ်ယူရန် နယူးကာဆယ်၊ ဖူလ်ဟမ်အစရှိသောအသင်းများက စိတ်ဝင် စားနေကြောင်း သိရှိရသည်။ 

ဗလင်စီယာအား နယူးကာဆယ်နှင့် ဖူလ်ဟမ်အပြင် အခြားသောအသင်းအချို့ကလည်း စိတ်ဝင်စားနေပြီး အငှားခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိ ရသည်။ 

၎င်းကမူ မန်ယူအသင်းတွင် ရာသီ ကုန်အထိ ဆက်ကစားသွားရန် ဆန္ဒရှိနေ ကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော် ပြခဲ့သည်။ 

မန်ယူအသင်းနှင့် ပရီးမီးယားလိဂ် ဖလား(၂)လုံး၊ ယူရိုပါလိဂ်ဖလား(၁)လုံး၊ FA ဖလား(၁)လုံး၊ လိဂ်ဖလား(၂)လုံး ရယူခဲ့ဖူးသော ဗလင်စီယာသည် အသင်းတွင် ပြိုင်ပွဲစုံ (၃၃၈)ပွဲကစားထားပြီး (၂၅)ဂိုးသွင်းယူပေးထားသည်။

 


READ NEXT
Cancel OK