Top News

ပါရီဆစ်အား အငှားဖြင့်ခေါ်ယူရန် အာဆင်နယ်အသင်း စီစဉ်နေ
24htopnews | January 15, 2025 4:12 PM CST

အာဆင်နယ်အသင်းသည် အင်တာမီလန်တောင်ပံကစားသမား ပါရီဆစ်အား ရာသီကုန်အထိ အငှားဖြင့်ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

အသက် (၂၉) နှစ်အရွယ်ရှိ ခရိုအေးရှားလက်ရွေးစင်ကစားသမား ပါရီဆစ်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်စက်တင်ဘာလကမှ အင်တာမီလန်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိရှိနေမည့် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့သူဖြစ်သည်။

ပါရီဆစ်သည် အင်တာမီလန်အသင်းသို့ ၂၀၁၅ ခုနှစ်တွင် ဝုလ်ဖ်ဘတ်အသင်းမှ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၄၂) ပွဲတွင် (၃၄) ဂိုးသွင်းယူပေးထားကာ ယခုရာသီပြိုင်ပွဲစုံ (၂၅)ပွဲတွင် (၃) ဂိုးသွင်းယူပေးထားသည်။

အာဆင်နယ်အသင်းက ခေါ်ယူမည်ဟုသတင်းထွက်နေသည့် ကစားသမားများမှာ ဘာစီလိုနာကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်၊ PSG ကွင်းလယ်လူ အန်ကွန်ကူတို့ဖြစ်ပြီး ယခုအခါ ပါရီဆစ်ကိုပါ ပါဝင်လာခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ပါရီဆစ်ကို လက်ရှိအချိန်တွင် ရာသီကုန်အထိအငှားဖြင့် ခေါ်ယူမည်ဖြစ်ပြီး အငှားစာချုပ်ကုန်ဆုံးပါက ပေါင် (၃၅) သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မည်ဆိုသော အချက်ကိုပါထည့်သွင်းသွားမည်ဖြစ်ကြောင်း BBC က ဖော်ပြခဲ့သည်။

ပါရီဆစ်သည် ယခုရာသီ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသူဖြစ်ပြီး ၄င်းကို ကမ်းလှမ်းမှုများရှိလာပါက အင်တာမီလန်အသင်းအနေဖြင့် လက်လွှတ်သွားဖွယ်ရှိနေကြောင်း သိရှိရသည်။


READ NEXT
Cancel OK