Top News

လေယာဉ်ထိုင်ခုံကိစ္စကြောင့် Frontier Airlines ဝန်ထမ်းနှင့် UFC ချန်ပီယံဟောင်းဖြစ်သူ ခါဘိ အချေအတင်ဖြစ်  
24htopnews | January 15, 2025 2:12 PM CST

 

UFC ချန်ပီယံဟောင်းဖြစ်သူ ခါဘိသည် အမေရိကန်နိုင်ငံ၌ လေယာဉ်ပေါ်တွင် ထိုင်ခုံအငြင်းပွားမှုပြဿနာ ဖြစ်ပွားခဲ့ပြီး Frontier Airlines ဝန်ထမ်းနှင့် အချေအတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက် ၃၆ နှစ်ရှိ ခါဘိကို နေရာချထားသည့်ထိုင်ခုံမှာ FAA ခွင့်ပြုချက်များနှင့် မကိုက်ညီသောကြောင့် နေရာပြောင်းရွှေ့ပေးရန် လေယာဉ်အမျိုးသမီးဝန်ထမ်းဘက်က တောင်းဆိုခဲ့ရာမှ ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းလေယာဉ်သည် လက်စ်ဗီး ဂတ်စ်မြို့မှ လော့စ်အိန်ဂျလိစ်မြို့သို့ ထွက်ခွာမည့်လေယာဉ်ဖြစ်ပြီး ခါဘိ၏ဖြစ်ရပ်ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့သည်။ 

ခါဘိသည် နေရာထိုင်ခုံပြောင်းရွှေ့ရန် သို့မဟုတ် လေယာဉ်ပေါ်မှ ဆင်းပြီး အခြားလေယာဉ်ဖြင့်သွားရန် ပြောဆိုခံရခြင်းဖြစ်သည်။ ခါဘိက ယင်းထိုင်ခုံတွင်ပင် ထိုင်လိုကြောင်း တုံ့ပြန်ခဲ့ပြီး အခြားဝန်ထမ်းတစ်ဦးက ထိုင်ခုံပြောင်းရွှေ့ပေးရန် တောင်းဆိုခံရပြီးနောက် လေယာဉ်ပေါ်မှ အေးဆေးတည်ငြိမ်စွာ ဆင်းသွားခဲ့သည်။ 

"ဒီအမျိုးသမီးရဲ့တောင်းဆိုမှုက အစမှာပဲ ကြမ်းတမ်းပါတယ်။ အင်္ဂလိပ်စကားကို အားလုံးနားလည်အောင် အေးအေးဆေးဆေးပြောပြီး သူ့ကို သဘောတူညီဖို့ ဆက်ပြောနေဆဲပါပဲ။ သူကတော့ ထိုင်ခုံကဖယ်ပေးဖို့ ဆက်ပြောနေတုန်းပါ။ ဒါဟာ ဘာကိုအခြေ ခံလဲဆိုရင် လူမျိုးရေးခွဲခြားတာလား၊ နိုင်ငံသားမဟုတ်လို့လား။ ဒါမှမဟုတ် တခြားတစ်ယောက်ဆိုရင်ရော မသေချာပါဘူး။ နှစ်မိနစ်ကြာ အပြန်အလှန်ပြောပြီးနောက် သူက လုံခြုံရေးကို ခေါ်ခဲ့တယ်။ ကျွန်တော် လေယာဉ်ပေါ်က ဆင်းခဲ့ပြီး အခြားလေကြောင်းလိုင်း ပြောင်းစီးခဲ့တယ်။ ဝန်ထမ်းအနေနဲ့ နောက်တစ်ကြိမ်မှာ ဒီထက်ဆက်ဆံရေးပိုကောင်းသင့်ပါတယ်" ဟု ခါဘိက ပြောကြားခဲ့သည်။


READ NEXT
Cancel OK