
နယ်ဒေသများမှ ရွှေများ ထွက်ရှိလာခြင်းကြောင့် ရွှေစျေးနှုန်းတက်ရန် အကြောင်းမရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။
“လောလောဆယ်မှာ ဒီမှာရွှေစျေးတက်ဖို့က အကြောင်းမရှိပါဘူး။ ရွှေလည်းထွက်နေပါတယ်။ နယ်ကလည်းရွှေတွေအများကြီး ထွက်နေပါပြီ။ ဒါကြောင့်မို့ ရွှေစျေးနှုန်းတက်ဖို့က အခြေအနေမရှိပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။
ယခင်က ကောလာဟလသတင်းများ လွှင့်ထုတ်ကာ ရွှေစျေးနှုန်းမြင့်တက်ရန် လုပ်ဆောင်မှုများရှိခဲ့ကြောင်း၊ မြန်မာ့ရွှေစျေးနှုန်းမှာ ကမ္ဘာ့ရွှေစျေးနှုန်း အနိမ့်အမြင့်များပေါ်တွင်သာ မူတည်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
“အရင်ကတော့ ကောလာဟလတွေ လွှင့်ထုတ်ပြီး ရွှေစျေးကစားတဲ့ဟာတွေရှိတယ်။ အခုနောက်ပိုင်းတော့ အဲ့ဒါတွေက မရှိတော့တဲ့အခြေအနေဖြစ်ပါတယ်” ဟု ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။
မြန်မာ့ရွှေစျေးနှုန်းမှာ မကြာမီတွင် တည်ငြိမ်သွားမည့်အခြေအနေတွင်ရှိကြောင်း၊ ရွှေစျေးနှုန်းသတ်မှတ်ရေးကော်မတီက ထုတ်ပြန်သည့် သတ်မှတ်စံချိန်စံညွှန်းများလည်း ထွက်ပေါ်လာပြီဖြစ်ကြောင်း ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။
“စံချိန်စံညွှန်းနဲ့ ညီတဲ့ ချိန်ခွင်၊ ကတ္တားတွေ ထွက်လာပါပြီ။ ပြီးတော့ ဆော့ဝဲလ်တွေ ပြန်ပြီးတော့ ရေးဆွဲနေပါပြီ။ အဲ့ဒါတွေပြီးသွားလို့ရှိရင် တညီတညွတ်တည်းဖြစ်ပြီးတော့ စျေးနှုန်းလည်းပြန်ပြီး တော့ ညီသွားမှာ ဖြစ်ပါတယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။
ဇန်နဝါရီ ၁၄ ရက်တွင် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းစျေး သတ်မှတ်ရေးကော်မတီက သိပ်ဆည်းဆ ၁၉ ဒသမ ၂၅ ဂရမ်/ ကုဗစင်တီမီ တာနှင့်အထက်ရှိ စံချိန်မီရွှေတစ်ကျပ်သား (၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်)၏စျေးနှုန်းအနေဖြင့် တစ်ကျပ်သားလျှင် ကျပ် ၅၃၈၀၀၀၀ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပြင်ပရွှေစျေးကွက်တွင် တစ်ကျပ်သားလျှင် ကျပ်သိန်း ၆၀ ကျော်ရှိနေသည်ဟု ပြင်ပရွှေစျေးကွက်မှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်