Top News

လုံခြုံရေးအခြေအနေကြောင့် ရာထူးချခံထားရသော တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို ပထမဆုံးကြားနာပွဲသို့ လာရောက်ခြင်းမရှိ
24htopnews | January 15, 2025 2:12 PM CST

တောင်ကိုရီးယား၏ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက သမ္မတယွန်းဆော့ယိုအား စွပ်စွဲပြစ်တင်ရေး ကြားနာစစ်ဆေးမှုကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်လိုက်သည်ဆို သော်လည်းရာထူးရပ်ဆိုင်းခံထားရသော သမ္မတရောက်မလာသောကြောင့် ပထမအကြိမ်ကြားနာမှုကို လျင်မြန်စွာရွှေ့ဆိုင်းခဲ့သည်။

ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဘက်အုပ်ချုပ်ရေးကို ဆိုင်းင့ံခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့သည်။

နာရီပိုင်းအကြာတွင် လွှတ်တော်ကယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာချက်ကို မဲခွဲပယ်ချခဲ့ပြီးနောက် မကြာမီ ဒီဇင်ဘာ ၄ ရက် နံနက်စောစောပိုင်းတွင် ယွန်းကစစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

ထို့နောက် လွှတ်တော်က ယွန်းအားစွပ်စွဲပြစ်တင်ခဲ့ပြီးနောက် သမ္မတတာဝန်များကို ထမ်းဆောင်ခွင့်ဆိုင်းငံ့ခဲ့ရာတောင်ကိုရီးယားနိုင်ငံသည် ဆယ်စုနှစ်များအတွင်း အဆိုးရွား ဆုံးနိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်ခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် ယွန်းဆော့ယိုသည် ၎င်း၏နေအိမ်တွင်ပုန်းနေခဲ့ပြီး ပုန်ကန်မှုစွဲချက်များနှင့်ပတ်သက်၍စုံစမ်းစစ်ဆေးသူများ၏ဆင့်ခေါ်မှုများကို ငြင်းပယ်ခြင်း၊ ဖမ်းဆီးမှုကိုခုခံရန် ၎င်း၏သမ္မတလုံခြုံရေးအဖွဲ့ကို အသုံးပြုခြင်းတို့ရှိခဲ့သည်။

ကြားနာမှုငါးကြိမ်ထဲက ပထမအကြိမ်ကြားနာမှုသည် မွန်းလွဲ ၂ နာရီတွင် စတင်ခဲ့သည်ဆိုသော်လည်း ယွန်း လာရောက်ခြင်းမရှိသည့်အတွက် ယင်းကြားနာပွဲသည် မိနစ်ပိုင်းသာကြာခဲ့သည်ဟု ခုံရုံး၏ပြောရေးဆို ခွင့်ရှိသူက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

လုံခြုံရေး စိုးရိမ်မှုများရှိသည်ဟု ၎င်း၏အဖွဲ့က အပြစ်တင်ထားသည့် ပထမအကြိမ်ကြားနာပွဲကို ယွန်းတက်ရောက်ရန် ပျက်ကွက်မှုက လုပ်ထုံးလုပ်နည်းဆိုင်ရာ ဆိုင်းငံ့မှုကို ဖြစ်ပေါ်စေခဲ့သည်ဆိုသော်လည်း ယွန်းမပါသည့် ကြားနာမှုသည် ဆက်လက်ရှိနေမည်ဖြစ်ကာ ဒုတိယအကြိမ်ကြားနာမှုကို ဇန်နဝါရီ ၁၆ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

နောက်ထပ်ကြားနာမှုများကို ဇန်နဝါရီ ၂၁ ရက်၊ ဇန်နဝါရီ ၂၃ ရက်၊ ဖေဖော်ဝါရီ ၄ ရက်တို့တွင် လုပ်ဆောင်ရန် စီစဉ်ထားသည်။

ခုံရုံး၏တရားသူကြီးရှစ်ဦးက အဓိကအားဖြင့် ပြဿနာနှစ်ရပ်ကို ဆုံးဖြတ်မည်ဖြစ်သည်။ ယွန်း၏စစ်အုပ်ချုပ်ရေး အမိန့်ကြေညာမှုကဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီခြင်း ရှိမရှိ၊ ယင်းသို့ကြေညာခြင်းသည် တရားဝင်မှုရှိမရှိ ဆုံးဖြတ်မည်ဖြစ်ပြီး ထိုနှစ်ချက်ထဲက တစ်ချက်သည် ၎င်းကို စွပ်စွဲပြစ်တင်ရန် ခိုင်လုံနိုင်သည်ဟု ဆိုသည်။

တရားသူကြီးရှစ်ဦးထဲက ခြောက်ဦးက ယွန်းဆော့ယိုုကို သမ္မတရာထူးမှဖယ်ရှားရေး အတွက် ၎င်း၏စွပ်စွဲပြစ်တင်မှုကို ထောက်ခံကြောင်း မဲပေးကြရမည်ဖြစ်သည်။

ယွန်းကို ချက်ချင်းထုတ်ပယ်ရေးအတွက်  အလွန်ပင်ခိုင်လုံသော အကြောင်းပြချက်များရှိနေသည်ဟု ဇန်နဝါရီ ၁၄ ရက်ကြားနာမှု မစတင်မီအမျိုးသား လွှတ်တော်၏ဥပဒေအဖွဲ့က ခုံရုံးရှေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ခုံရုံးသည် အမှုကို လက်ခံသည့် ဒီဇင်ဘာ ၁၄ ရက်မှ စတင်၍ စီရင်ဆုံးဖြတ်ရေးအတွက် ရက်ပေါင်း ၁၈၀ ဖွင့်ထားမည်ဖြစ်သည်။

သမ္မတဟောင်းများဖြစ်သော ရိုမူချန်းနှင့် ပတ်ဂွန်းဟဲတို့သည် ၂၀၀၄ နှင့် ၂၀၁၆- ၂၀၁၇ စွပ်စွဲပြစ်တင်မှု ကြားနာပွဲများသို့ မလာခဲ့ပေ။                                               

Ref: AFP


READ NEXT
Cancel OK