
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြီးခဲ့သည့်နွေရာသီကာလအတွင်း ကစားသမားများဝယ်ယူမည့် ကလပ်အသင်း၏ အစီအစဉ်ကို ပိတ်ပင်ခဲ့ခြင်းဖြင့် အမှားပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့်နွေရာသီက အသင်းပိုင်ရှင် City Football Group ပိုင် အသင်းတစ်သင်းဖြစ်သည့် ထရွိုင်စ်အသင်းမှ ဘရာဇီးလ်တောင်ပံကစားသမား ဆာဗင်ညိုတစ်ဦးတည်းသာ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
"နွေရာသီကာလတုန်းက ကလပ်ဟာ ဒါကို တွေးခဲ့ပါတယ်။ ပြီးတော့ ဘာခေါ်ယူမှုမှ မလုပ်ချင်ဘူးလို့ ကျွန်တော်က ပြောခဲ့တာပါ။ အသင်းကစားသမားတွေအပေါ် ကျွန်တော် အများကြီး အားကိုးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ နောက်တစ်ကြိမ် ထပ်လုပ်နိုင်ဦးမယ်လို့ တွေးခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာတွေ ရခဲ့ပြီးနောက် ကျွန်တော်တို့ ဒါကို ပြုလုပ်ခဲ့သင့်တယ်လို့ တွေးမိခဲ့တယ်" ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ပထမရာသီဝက်၌ မယုံကြည်လောက်အောင် ရလဒ်ဆိုးရွားမှုတွင် ဒဏ်ရာပြဿနာများက အဓိက အကြောင်းအရင်း ဖြစ်ခဲ့သည်။ မန်စီးတီးအနေဖြင့် ယခုရာသီအတွင်း နှစ်ပတ်နှင့်အထက် အနားယူရသည့် ဒဏ်ရာရမှု ၁၅ ကြိမ် ရှိခဲ့ပြီး အဆိုးရွားဆုံးမှာ အဓိကကွင်းလယ်ကစားသမားဖြစ်သူ Ballon d'Or ဆုရှင် ရိုဒရီကို ရာသီကုန်အထိ လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား၌ အဆင့်များ ကျဆင်းသွားကာ လိဂ်ဖလားပြိုင်ပွဲမှလည်း ထွက်ခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ အမှတ်ပေးဇယားတွင်လည်း အသင်းပေါင်း ၃၆ သင်း ရှိသည့်အနက် အဆင့် ၂၂ နေရာသို့ ရောက်ရှိနေသည်။
မန်စီးတီးအသင်းသည် မနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း ဘရန့်ဖို့ဒ်အသင်းနှင့် ၂ ဂိုးစီသရေကျခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်