
ဗီယက်နမ်လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းနည်းပြချုပ် ငုယင်ဒင်ဟန်းက အာရှဖလားဖူဆယ်ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲ ကစားရမည့် အိမ်ရှင်မြန်မာအသင်းနှင့်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ် ခြေစစ်ပွဲ အုပ်စု (D) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံတွင် ကျင်းပမည်ဖြစ်သည်။ ယင်းအုပ်စုတွင် အိမ်ရှင်မြန်မာ၊ ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မကာအိုအသင်းတို့ ပါဝင်နေပြီး အုပ်စုပထမပွဲအဖြစ် ဇန်နဝါရီ ၁၅ ရက် (ယနေ့) မွန်းလွဲ ၂ နာရီခွဲတွင် တရုတ်တိုင်ပေအသင်း နှင့် မကာအိုအသင်း၊ ညနေ ၅ နာရီတွင် မြန်မာ အသင်းနှင့် ဗီယက်နမ်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဗီယက်နမ်ဖူဆယ်အသင်း နည်းပြချုပ် ငုယင်ဒင်ဟန်းက "မြန်မာဖူဆယ်အသင်းတွေက အခုလက်ရှိ နည်းပြတာဝန်ယူနေချိန်မှာ တိုးတက်မှုရှိလာတာ တွေ့ရပါ တယ်။ အဝေးကွင်းမှာ လာရောက်ကစားရတဲ့ ထုံးစံအတိုင်း ခက်ခဲမှုတွေ ရှိပါတယ်။ ဒါပေမဲ့ မြန်မာအသင်းနဲ့ အဖွင့်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ထားပြီးပါပြီ။ အနိုင်ရမယ်လို့လည်း ယုံကြည်ပါတယ်။ ခြေစစ်ပွဲအောင်မြင်ပြီး နောက်ဆုံးအဆင့်ရောက်ဖို့ ရည်ရွယ်ထားပါတယ်။ အုပ်စုတွင်း ပြိုင်ဘက်တွေက အသင်းကောင်းတွေဖြစ်လို့ ပွဲစဉ်တိုင်း ခက်ခဲမှာပါ"ဟု ပြောကြားခဲ့သည်။
မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာတွင် ကျင်းပသည့် ၂၀၂၄ အာဆီယံ အမျိုးသမီးဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲ အုပ်စုအဆင့်တွင် တွေ့ဆုံခဲ့ရာ ဗီယက်နမ်အသင်းက (၅-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။ အာရှဖလား အမျိုးသမီးဖူဆယ်ခြေ စစ်ပွဲကို အုပ်စုလေးခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရအသင်းများအနက် အကောင်းဆုံးတစ်သင်း စုစုပေါင်းကိုးသင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အာရှဖလား အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်