
မန်စီးတီးအသင်းသည် ဖရန့်ဖတ်အသင်းမှ အီဂျစ်တိုက်စစ်မှူး အိုမာမာမွတ်ရှ်ကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ယခုရက်သတ္တပတ်အတွင်း အပြီးသတ်နိုင်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
မန်စီးတီးအသင်းသည် ယခုရာသီတွင် ရလဒ်များ ကျဆင်းနေသည့်အတွက် ကစားသမားသစ်များ အားဖြည့်ခေါ်ယူရန် စီစဉ်နေရာ လက်ရှိအချိန်၌ မာမွတ်ရှ်ကို သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိုမာမာမွတ်ရှ်(၂၅ နှစ်)သည် ၂၀၂၀ ခုနှစ်ကတည်းက ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသူဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ဝုလ်ဖ်ဘတ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဖရန့်ဖတ်အသင်းထံ ပြောင်းရွှေ့ကြေးခဲ့သူဖြစ်သည်။
ထို့ကြောင့် ဖရန့်ဖတ်အသင်းသည် ၎င်းအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအဖြစ် ခြေစွမ်းပြနေပြီဖြစ်သည့်အတွက် ယူရိုသန်း(၈၀)ဟု စျေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။
နောက်ဆုံးထွက်ပေါ်လာသည့် သတင်းများအရ မန်စီးတီးအသင်း၏ ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်းသည် မာမွတ်ရှ်၏ အေးဂျင့်များနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ရာ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သလို၊ ဖရန့်ဖတ်အသင်းနှင့်လည်း ယူရိုသန်း(၇၀) ဝန်းကျင်ဖြင့် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် မာမွတ်ရှ်အတွက် ဖရန့်ဖတ်အသင်းထံ ကနဦးပြောင်း ရွှေ့ကြေး ယူရိုသန်း(၇၀)နှင့် Add-ona ကြေး ယူရို (၁၀)သန်းဝန်းကျင် ပေးချေရဖွယ်ရှိကြောင်း Sky Sports က ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် လန်းစ်အသင်းမှ ဥဇဘက်ကစ္စတန်နောက်ခံလူ ခူဆာနော့ဗ်(၂၀ နှစ်)ကိုလည်း ယူရိုသန်း(၄၀) ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိထားကြောင်း သိရသည်။
ခူဆာနော့ဗ်သည် မန်စီးတီးအသင်းထံ တရားဝင်ပြောင်းရွှေ့လာခဲ့ပါက ပရီးမီးယားလိဂ်တွင် ကစားခွင့်ရသည့် ပထမဆုံး ဥဇဘက်ကစ္စတန်ကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဒဏ်ရာရကစားသမား ရိုဒရီနေရာ အစားထိုးရန်အတွက် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူအားဖြည့်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်