
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ (၃၇)အား လက်လုပ်သေနတ်ဖြင့် လုယက်ခဲ့သူ၏ နေအိမ်အတွင်းမှ လက်လုပ်သေနတ်များနှင့်အတူ ခဲယမ်းများ ထပ်မံတွေ့ရှိကြောင်း သက်ဆိုင်ရာအဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ လမ်း ၄၀၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ (၃၇) ၌ လုယက်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကမ္ဘောဇဘဏ်ခွဲ (၃၇) အတွင်းသို့ ပြောက်ကျားအကျႌလက်ရှည်၊ ဘောင်းဘီရှည် အနက်ရောင်ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦးက ငွေလွှဲ/ငွေထုတ် ပြုလုပ်ဟန်ဆောင်ကာ ဝင်ရောက်လာပြီး ဘဏ်ကောင်တာအမှတ် (၄) ရှေ့အရောက် အသင့်ယူဆောင်လာသည့် သေနတ်ဖြင့် ဘဏ်ဝန်ထမ်းများအား ချိန်ရွယ်ခြိမ်းခြောက်၍ ၎င်းလွယ်လာသည့် ကျောပိုးအိတ်အတွင်း ငွေများအားထည့်ခိုင်းကာ လုယက်ယူဆောင်၍ ဘဏ်အတွင်းမှ ပြန်လည်ထွက်ခွာစဉ် ဘဏ်ဝန်ထမ်းများနှင့် တာဝန်သိပြည်သူများက လုယက်သူအမျိုးသားအား ဝင်ရောက်လုံးထွေးဖမ်းဆီးရာ ၎င်းမှသေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သဖြင့် ဒုမန်နေဂျာဖြစ်သူ ဦးလမင်းကိုကို၏ ဝဲဘက်လက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လုယက်မှုကျူးလွန်သူ အောင်ပြည့်ဖြိုး (ခ) ရောင်နီ (၃၂) နှစ်၊ (ဘ) ဦးညီညီ၊ မှန်တန်းရပ်ကွက်၊ အမရပူရမြို့နယ်နေသူအား လက်လုပ်ပစ္စတိုသေနတ် တစ်လက်၊ ၉ မမကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကျူးလွန်သူ အောင်ပြည့်ဖြိုး (ခ) ရောင်နီအား မဟာအောင်မြေမြို့နယ်၊ အမှတ် (၉) နယ်မြေရဲစခန်း၌ (ပ) ၁၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၃၀၇ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ အောင်ပြည့်ဖြိုး (ခ) ရောင်နီ၏ထွက်ဆိုချက်အရ ဇန်နဝါရီ ၁၁ ရက် ည ၆ နာရီ ၅ မိနစ်တွင် ၎င်း၏မိဘနေထိုင်ရာ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိနေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ရှိ အိမ်သာအမိုးကြားမှ လက်လုပ်သေနတ်အတို နှစ်လက်၊ ဂျင်ကလိ ၁၈ ချောင်း၊ တီရှပ်အကျႌ တစ်ထည်တို့အားလည်းကောင်း၊ ည ၆ နာရီ ၂၀ မိနစ်တွင် ၎င်းငှားရမ်းနေထိုင်သည့် အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိနေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ၉ မမကျည် ၁၈ တောင့်၊ MDY 1W/59983 စူပါကတ်အမျိုးအစား ဆိုင်ကယ် တစ်စီးတို့အားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျူးလွန်သူ အောင်ပြည့်ဖြိုး (ခ) ရောင်နီအား စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ၆ လပိုင်းခန့်က ခင်မင်ရင်းနှီးသူ ကိုနိုင်ဦး (ခ) ကိုဦး (ခ) လောင်ချာ (စိစစ်ဆဲ) နှင့်အတူ စဥ့်ကိုင်မြို့နယ်၊ တဘတ်စွဲကျေးရွာအနီးရှိ သရက်ခြံအတွင်းဖွင့်လှစ်သော PDF သင်တန်းအား တက်ရောက်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် နေအိမ်များ၌ ထပ်မံရှာဖွေသိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများအား ကိုနိုင်ဦး (ခ) ကိုဦး (ခ) လောင်ချာထံမှ ဖုန်းဖြင့် ချိတ်ဆက်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကိုနိုင်ဦး (ခ) ကိုဦး (ခ) လောင်ချာ ထံဖုန်းဖြင့်ဆက်သွယ်၍ PDF အဖွဲ့သို့ ငွေများအားအကြိမ်ကြိမ်ထောက်ပံ့ခဲ့ကြောင်းနှင့် ယင်းအဖွဲ့သို့ ထပ်မံငွေကြေးထောက်ပံ့ပေးရန်ရည်ရွယ်၍ ကမ္ဘောဇဘဏ် (၃၇) အား ဝင်ရောက်ပစ်ခတ်လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှ ဖမ်းဆီးရမိသူ အောင်ပြည့်ဖြိုး (ခ) ရောင်နီသည် PDF အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းအဖွဲ့သို့ ငွေကြေးထောက်ပံ့ရန်ရည်ရွယ်၍ ကမ္ဘောဇဘဏ် (၃၇) အား သေနတ်ဖြင့်ပစ်ခတ်ခြိမ်းခြောက်၍ ဝင်ရောက်လုယက်ခဲ့မှုကြောင့် ဘဏ်ဝန်ထမ်းတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းအားဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်