Top News

မန်ယူအသင်းကို နည်းပြ ဆိုးလ်ရှားလက်ထက် ပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲတွေ့စေခဲ့တဲ့ အာဆင်နယ်
24htopnews | January 15, 2025 2:12 AM CST

အာဆင်နယ်အသင်းက အီမရိတ်စ်ကွင်းမှာ မန်ယူအသင်းကို (၂-၀)ဂိုးနဲ့အနိုင်ကစားကာ FAဖလားရှုံးကြွေးဆပ်ခဲ့ပြီး မန်ယူယာယီနည်းပြ ဆိုးလ်ရှားကို ပရီးမီးယားလိဂ်မှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်စေခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် ဒီနိုင်ပွဲဟာ အဖိုးတန်ခဲ့ကာ တတိယနေရာက စပါးနဲ့(၁)မှတ်အကွာထိ ကပ်လိုက်လာပြီး ပရီးမီးယားလိဂ်လက်ကျန်(၈)ပွဲမှာ Big Six ပြိုင်ဘက်တွေနဲ့တွေ့ဆုံဖို့မရှိတာကလည်း တစ်ပန်းသာစေခဲ့တာပါ။

ပွဲအစပိုင်းမှာတော့ (၂)သင်းစလုံး Open Games ကစားခဲ့ကြလို့ ပွဲက ကြည့်ကောင်းခဲ့ပြီး (၂)သင်းစလုံး အခွင့်အရေးတွေလည်း ရခဲ့ကြပါတယ်။ 

လုခ်ရှောဖြတ်တင်ဘောကနေ လူကာကူ သွင်းယူမှု ဘားတန်းထိခဲ့လို့ မန်ယူအသင်း ဦးဆောင်ဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။

(၁၂)မိနစ်မှာ ရှာကာ ဂိုးဧရိယာအပြင်ကန်ချက်က မန်ယူဂိုးသမား ဒီဟေးယား တွက်ကိန်းမှားခဲ့လို့ ဂိုးပေးလိုက်ရပါတယ်။

ဒီဟေးယားဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲတွေမှာ ဂိုးဧရိယာအပြင်က သွင်းယူမှုတွေကနေ ပေးလိုက်ရတဲ့ဂိုး (၆)ဂိုးအထိရှိပြီး ပြီးခဲ့တဲ့ရာသီကထက် (၂)ဆရှိခဲ့ပါတယ်။

ချာကာကတော့ သူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုး(၇)ဂိုးမှာ (၆)ဂိုးက ဂိုးဧရိယာအပြင်ကနေ သွင်းယူခဲ့တာဖြစ်တယ်။

အာဆင်နယ်အတွက် ဒုတိယဂိုးကိုတော့ (၆၉)မိနစ်မှာ ဖရက်ဒ် ဧရိယာထဲမှာ လာကာဇက်ကိုတွန်းခဲ့လို့ရတဲ့ ပယ်နယ်တီကနေ အူဘာမီယန်းက ကန်သွင်းယူခဲ့ပါတယ်။

ရန်းစ်နဲ့ယူရိုပါလိဂ်မှာ နာမည်ပျက်ခဲ့တဲ့ အာဆင်နယ်အသင်းခံစစ်ရဲ့ခြေစွမ်းကတော့ ဒီနေ့ပွဲမှာ Credit ပေးရမှာဖြစ်ပါတယ်။

မန်ယူတိုက်စစ်မှာ လူကာကူက အတိုးအလှုပ်တွေနဲ့ အာဆင်နယ်နောက်တန်းကို ဖိအားပေးနိုင်ခဲ့ပေမယ့် အဆုံးသတ်မှုတွေတော့ အားနည်းခဲ့ပါတယ်။

လက်ကျန်ပွဲတွေမှာ ချယ်လ်ဆီး၊ မန်စီးတီးတို့နဲ့ ကစားရဖို့ရှိနေတဲ့ မန်ယူအနေနဲ့ အခုရှုံးပွဲကြောင့် လုံးဝအမှားမခံတဲ့အခြေအနေကို ရောက်ခဲ့ရပါတယ်။


READ NEXT
Cancel OK