
မန်ယူယာယီနည်းပြ ဆိုးလ်ရှားက အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့ခြင်းမှာ ၎င်းစတင်တာဝန်ယူကတည်းက အနိမ့်ဆုံးအခိုက်အတန့်ဖြစ်ခဲ့သည်ဟု ပွဲအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဆိုးလ်ရှားလက်ထက်တွင် မန်ယူအသင်းမှာ အာဆင်နယ်နှင့်ပွဲမတိုင်မီအထိ အမှတ်ပေးပွဲ (၁၀)ပွဲနိုင်၊ (၂)ပွဲသရေဖြင့် ရှုံးပွဲမရှိ ကစားထားခဲ့ခြင်းဖြစ်သည်။
ဆိုးလ်ရှားက '' ဒီရလဒ်နဲ့ပတ်သက်ပြီး ကျွန်တော် တကယ်ပဲ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ အသင်းစွမ်းဆောင်ရည်ကို ကြည့်ပါ။ ဒီပွဲဟာ ကျွန်တော်တို့ ရှုံးပွဲနဲ့ထိုက်တန်တယ်လို့ မပြောနိုင်ပါဘူး။ ကျွန်တော်တို့ ဂိုးရနိုင်တဲ့အခွင့်အရေး(၅)ကြိမ်လောက် ဖန်တီးခဲ့တယ်။ (၂)ကြိမ်က ဘားထိ၊ တိုင်ထိခဲ့တယ်။ ကစားသမားတွေက သူတို့စွမ်းသလောက် ကြိုးစားခဲ့ပါတယ်။ ဒါဟာ လေ့ကျင့်ရေးတုန်းက ပုံစံအတိုင်းပါပဲ။ ကျွန်တော်တို့ အနိုင်နဲ့မထိုက်တန်တဲ့ နိုင်တာတွေရှိခဲ့ပါတယ်။ ဒီနေ့ပွဲကတော့ အရှုံးနဲ့မထိုက်တန်ဘဲ အရေးနိမ့်ခဲ့ရတဲ့ပွဲပါ။ လာမယ့်အပတ် ဝုလ်ဗ်နဲ့ကစားရမယ့် FAဖလားပွဲအတွက် အသင့်ဖြစ်နေဖို့တော့ မျှော်လင့်ပါတယ်''ဟု ဆိုးလ်ရှားက BBC Sports သို့ ပြောကြားခဲ့သည်။
မန်ယူအသင်းသည် နည်းပြ မော်ရင်ဟိုအားထုတ်ပယ်ချိန်တွင် အဆင့်(၄)နေရာမှအသင်းနှင့် (၁၁)မှတ်အထိ ကွာဟနေရာမှ ဆိုးလ်ရှားလက်ထက်တွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ပြန်ကောင်းလာခဲ့ခြင်းဖြစ်သည်။
သို့သော် လက်ကျန်(၈)ပွဲတွင် ချယ်လ်ဆီး၊ မန်စီးတီးအသင်းများနှင့် ကစားရန်ကျန်ရှိသေးသည် မန်ယူအသင်းအနေဖြင့် ယခုရှုံးပွဲကြောင့် ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရန် ခက်ခက်ခဲခဲရုန်းကန်ရတော့မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်