Top News

ယီမင်သဘာဝဓာတ်ငွေ့ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၂ ဦး သေဆုံး
24htopnews | January 15, 2025 12:12 AM CST

ယီမင်နိုင်ငံရှိ သူပုန်များ ထိန်းချုပ်ထားသော အယ်ဘေဒါပြည်နယ်တွင် သဘာဝဓာတ်ငွေ့ ပြန်ဖြည့်ပေးသည့် ဆိုင်တစ်ဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၂ ဦး သေဆုံးကာ လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူနှစ်ဦးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

အယ်ဇာဟာဒေသရှိ ဓာတ်ငွေ့ဆိုင်၏ သိုလှောင်ခန်းတွင် ဇန်နဝါရီ ၁၁ ရက်က ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ကာ ၁ဝဝကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်နယ်၏ ဆက်သွယ်ရေးအကြီးအကဲ အာရက်ဖ်အယ်ဂမ်ရီက ဆိုသည်။

ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ဆိုင်၌ ဝယ်သူများရှိနေကြောင်း နောက်ထပ်ဒေသခံ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လူမှုမီဒီယာတွင် ပျံ့နှံ့နေသော ဗီဒီယိုများ၌ ဓာတ်ငွေ့ဆိုင်တွင် ဒါဇင်နှင့်ချီသော ကားများ တန်းစီနေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးခိုးများ ထွက်ပေါ်နေပုံကို မြင်တွေ့ရသည်။

အေအက်ဖ်ပီ သတင်းဌာနက လူမှုမီဒီယာတွင် ပျံ့နှံ့နေသော ဗီဒီယိုများသည် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုထားသည်။

ယီမင်တွင် ယင်းကဲ့သို့ မတော်တဆဖြစ်ပွားမှုမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။

အီရန် ကျောထောက်နောက်ခံပြု ဟူရ်သီသူပုန်များနှင့် အစိုးရတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေသည် ဟုယူဆသည့် ယင်းဒေသတွင် ဖြစ်ပွားသော ထိုပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရသေးပေ။                 

 Ref:AFP


READ NEXT
Cancel OK