
ထိုင်းနိုင်ငံတွင် ထူးဆန်းစွာပျောက်ဆုံးသွားသည့် အသက် ၂၁ နှစ်အရွယ်ရှိ ဝူကျားချီဆိုသူ တရုတ်နိုင်ငံသူကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး မိခင်နိုင်ငံသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း ဝူကျားချီ၏ဖခင်ဖြစ်သူက ဇန်နဝါ ရီ ၁၃ ရက်တွင် မီဒီယာများအား အသိပေးကြေညာလိုက်သည်။
ဖခင်ဖြစ်သူက ပျောက်သွားသည့်သမီးအား ခြေရာခံရှာဖွေ၊ ကယ်ဆယ်ပေးခဲ့သည့် ထိုင်းအာဏာပိုင်များကို ကျေးဇူးတင်ရှိပါကြောင်းလည်း ပြောကြားခဲ့သည်။“ ထိုင်းရဲတွေနဲ့ စစ်သားတွေကို အရမ်းကျေးဇူးတင်ပါတယ်။ သမီးအတွက်စိတ်ပူပေး ၊ ကူညီရှာပေးခဲ့တဲ့အတွက်လည်း ထိုင်းအစိုးရနဲ့ထိုင်း ပြည်သူတွေကို ကျေးဇူးတင်ပါတယ်” ဟု ဖခင်ဖြစ်သူမစ္စတာဝေ့တုံးက ပြောသည်။
ဖခင်ဖြစ်သူက လူကုန်ကူးခံခဲ့ရသည့် တရုတ်မင်းသားဝမ်ရှင်းကဲ့သို့ သမီးဖြစ်သူကြုံရမည်ကို စိုးရိမ်ကာ ဇန်နဝါရီ ၈ ရက်တွင် ထိုင်းရဲတပ်ဖွဲ့သို့ တရားဝင်အကူအညီတောင်း ခံခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့ဖော်ထုတ်မှုအရ တက္ကသိုလ်ဘွဲ့ရထားသည်မှာ မကြာသေးသည့် ဝူကျားချီသည် ပြည်ပသို့ ပထမဆုံးခရီးထွက်သွားပြီး ဆိုရှယ်မီဒီယာတွင်သိကျွမ်းခဲ့သည့် သူငယ်ချင်းတစ်ဦးရှိကာ ဝမ်ရှင်းဖြစ်စဉ်နည်းတူ အယုံသွင်းစည်းရုံးခံခဲ့ရသည်။
ဇန်နဝါရီ ၆ ရက် မနက် ၄ နာရီဝန်းကျင်တွင် ဝူကျားချီ ထိုင်းသို့ရောက်ပြီးနောက် WeChat မှတစ်ဆင့် မိခင်ထံဆက်သွယ်ကာ တည်နေရာကိုပြောပြခဲ့သည်။ ၎င်းသည် ဒွန်မောင်းတွင်တည်းခိုရန် အစီအစဉ်ရှိခဲ့သည်။
မိခင်ဖြစ်သူက မြန်မာနိုင်ငံသို့မသွားရန် ဝူကျားချီအား သတိပေးခဲ့ပြီး ၎င်းကလည်း မသွားရဲပါဟု ပြန်ပြောခဲ့သေးသည်။ထိုနေ့ ညနေ ၄ နာရီမှစတင်ကာ သမီးဖြစ်သူအား ဆက်သွယ်၍မရတော့ပေ။ ၂၄ နာရီအဆက်အသွယ်ပြတ်ပြီးနောက် ဖခင်ဖြစ်သူက ထိုင်းနိုင်ငံသို့ လိုက်လာခဲ့သည်။
စီစီတီဗွီမှတ်တမ်းအရ ဝူကျားချီကို သုဝဏ္ဏဘူမိလေဆိပ်တွင် အဖြူရောင် Alphard ကားတစ်စီးက လာခေါ်သွားကာ ဟိုတယ်တစ်ခုသို့ ပို့ပေးခဲ့သည်။ ဒွန်မောင်းရှိဟိုတယ် မဟုတ်ဘဲ လတ်ကရာဘန်တွင်ရှိသည့်ဟိုတယ် ဖြစ်နေသည်။
ရဲတပ်ဖွဲ့က ယင်းဟိုတယ်မှစီစီတီဗွီမှတ်တမ်းကို စစ်ဆေးကာ ဟိုတယ်မှထွက်ခွာသွားသည့်ဝူကျားချီကို ခြေရာခံလိုက်သည့်အခါ ဝမ်ရှင်းကိုတွေ့ခဲ့သည့်နေရာမှာပင် ပြန်တွေ့ခဲ့ကြသည်။
မထင်မရှားတရုတ်မင်းသားဝမ်ရှင်းသည် တရုတ်လူစိမ်းတစ်ဦး၏လှည့်ဖြားမှုဖြင့် ထိုင်းသို့ရောက်လာပြီးနောက် မြန်မာနယ်စပ်မြဝတီမြို့သို့ အပို့ခံလိုက်ရသည်ဟု ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ လူစိမ်းဆိုသူက ၎င်းကိုယ်၎င်းနာမည်ကျော်ထိုင်းဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှဟု အယုံသွင်းကာဝမ်ကို အလုပ်ကမ်းလှမ်းခဲ့သည်။
ဝမ်ရှင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် တရုတ်ခရီးသွားများက မကြာမီကျရောက်တော့မည့် တရုတ်နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံသို့သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်များကို ဖျက်သိမ်းလာကြသည်။ ဘေးကင်းလုံခြုံရေးကိုထည့်တွက်ကာခရီးစဉ်များကို တရုတ်ခရီးသွားများက ဖျက်သိမ်းလာကြခြင်းဖြစ်သည်။
ကျဲ့ကျန်းပြည်နယ်နေ တရုတ်အမျိုးသမီးတစ်ဦးသည် ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၄ရက်အထိ မိန်းကလေးသူငယ်ချင်းသုံးဦးနှင့်အတူ ထိုင်းသို့သွားလည်ရန် စီစဉ်ထားပြီးမှ ဝမ်ရှင်းဖြစ်စဉ်ကြားလိုက်ပြီးနောက် ခရီးစဉ်ကိုဖျက်သိမ်းရန် အားလုံးဆုံးဖြတ်လိုက်ကြသည်။
Ref: Khaosod English
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်