Top News

■ စီးရီးအေ ပွဲစဉ်-၁၉ နှင့် စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
24htopnews | January 15, 2025 12:12 AM CST

◘ ကိုမို - အေစီမီလန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက် နံနက် ဝဝးဝ၀ နာရီ)

ကိုမိုက ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရပေမဲ့ နောက်ဆုံး (၄)ပွဲမှာ (၁၀)မှတ်အထိ ရယူနိုင်ခဲ့တယ်။ နောက်ဆုံးကစားခဲ့တဲ့ လာဇီယိုနဲ့ပွဲက ကိုမိုရဲ့ကွင်းတွင်းခြေစွမ်းကိုကြည့်ရင်လည်း အထင်ကြီးစရာ ကောင်းခဲ့တယ်။ အေစီမီလန်ကတော့ နည်းပြ ကွန်ဆေးဆာအိုရဲ့ လက်ထက်မှာ ကစားပုံတိုးတက်လာပေမဲ့ ကာဂလီယာရီကို သရေပဲကစားနိုင်ခဲ့တယ်။ ရာဖေးလီယာအို ခြေကျနေတာကလည်း အေစီမီလန်အတွက် ထိုးနှက်ချက်လို့ ဆိုရမယ်။ ဒါပေမဲ့ ဒီပွဲတော့ နည်းပြ ကွန်ဆေးဆာအို အနေနဲ့ စီးရီးအေနိုင်ပွဲ စယူနိုင်လိမ့်မယ်ထင်တယ်။ (၀-၁၊ ၁-၂) ရလဒ်တွေနဲ့ အေစီမီလန် နိုင်ဖို့များတယ်။

◘ အတ္တလန်တာ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက် နံနက် ၂း၁၅ နာရီ)

အတ္တလန်တာက နောက်ပိုင်းပွဲတွေမှာ နည်းနည်းလေးကျလာတယ်။ စီးရီးအေ အဝေးကွင်း(၂)ပွဲဆက် သရေကျခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ အူဒီးနီးစ်နဲ့ ပွဲမှာဆိုရင်လည်း အတော်လေးရုန်းကန်ခဲ့ရတာ တွေ့ရတယ်။ ဂျူဗင်တပ်စ်ကလည်း သရေပွဲတွေများနေပြီး နည်းပြ မော့တာလက်ထက်မှာ အထိုင်ကျဖို့ ရုန်းကန်နေရတုန်းပဲ။ လက်ရှိပုံစံအရ (၂)သင်းစလုံးရဲ့ အနေအထားကိုကြည့်ရင် အားရစရာ အရမ်းကောင်းနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်ကွင်းအားသာချက်ရှိတဲ့ အတ္တလန်တာအသင်း သရေနဲ့အနိုင်ပဲလို့ ထင်မိတယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တယ်။

◘ အူရန်ဆီ - ဗလင်စီယာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက် နံနက် ၂း၃၀ နာရီ)

အူရန်ဆီအသင်းက တတိယတန်းအဆင့်မှာ ကစားနေတဲ့ အသင်းဖြစ်တယ်။ ဗလင်စီယာကတော့ ဘုရင့်ဖလားကလွဲလို့ လာလီဂါမှာ (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ ကစားသမားပိုင်းကွာလို့ ဗလင်စီယာပဲ ကြိုက်တယ်။


READ NEXT
Cancel OK