
ဆူဒန်နိုင်ငံတွင် လူပေါင်းရာချီသေဆုံးစေခဲ့ပြီး လူပေါင်းထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်စေခဲ့သည့် တိုက်ခိုက်မှုများကို ပြုလုပ်နေသည့် ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးနှစ်ဦးအကြား အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးခဲ့သည့်တိုင် ခါတွန်မြို့တော်၏ နေရာဒေသအချို့တွင် သေနတ်သံများနှင့် လက်နက်ကြီးပစ်ခတ်သံများကို ဧပြီ ၂၉ ရက် အထိကြားခဲ့ရသည်ဟု ဒေသခံများက ပြော ကြားခဲ့သည်။
ယင်းတိုက်ခိုက်မှုများအတွင်း ဆူဒန် ပြည်သူများသည် ညှပ်ပူးညှပ်ပိတ် ပစ်ခတ်မှု များ၏အလယ်တွင်ရောက်ရှိနေမှုနှင့်အတူ ဧပြီ ၂၉ ရက်တွင် အရပ်သား သေဆုံးသူဦးရေသည် ၄၄၁ ဦးအထိ မြင့်တက်ခဲ့သည်ဟု ဆူဒန်ဆရာဝင်များအဖွဲ့က ပြောကြားခဲ့ သည်။
ခါတွန်မြို့တော်၏ အချို့နေရာများတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် စျေးဆိုင်များကို ပြန်ဖွင့်နေပြီး ပုံမှန်အခြေအနေအတိုင်း လည်ပတ်နေသည်ဟု ယင်းနေရာဒေသများတွင် နေထိုင်သူများက ပြောကြားခဲ့သည်။
သို့သော် အချို့နေရာများတွင် ဒေသခံ များသည် ၎င်းတို့နေထိုင်သည့် နေရာအနီး တစ်ဝိုက်တွင် ပေါက်ကွဲသံများကြားနေရပြီး လက်နက်ကိုင်တိုက်ခိုက်ရေးသမားများကလည်း လူနေအိမ်များကို ဝင်ရောက်ပြီး ခိုးယူ ဖျက်ဆီးမှုများပြုလုပ်နေသည်ဟု ပြောကြားခဲ့ သည်။
တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်မှာ သီ တင်းသုံးပတ်အတွင်းဝင်ရောက်လာခဲ့ပြီး ဒဏ်ရာရခဲ့သည့်အရပ်သား၂၀၂၃ ဦးရှိသည် ဟု ဆူဒန်ဆရာဝန်များအဖွဲ့က ပြောကြားခဲ့ ပြီး အမှန်တကယ် ဒဏ်ရာရသူအရေအတွက် သည် ယင်းထက်ပိုမိုများပြားဖွယ်ရှိသည်ဟု ဆိုသည်။
ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်သည့်စာရင်းတွင် တိုက်ခိုက်ရေးသမားများ အပါအဝင် သေဆုံးသူစုစုပေါင်း ၅၂၈ ဦးနှင့် ဒဏ်ရာရသူ ၄၅၀၀ ရှိကြောင်း ဖော်ပြခဲ့သည်။
အနောက်ဒါဖာပြည်နယ်၏ မြို့တော် ဂျီနီနာတွင် ပြင်းထန်သည့်အကြမ်းဖက်မှုများ ကြောင့် လူ ၈၉ ဦးသေဆုံးခဲ့သည်ဟု ဆူဒန် ဆရာဝန်များအဖွဲ့က ပြောကြားခဲ့သည်။
ဆူဒန်နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး မျှော်လင့်ချက်များကို လမ်းလွဲစေ ခဲ့သည့် သွေးထွက်သံယိုများသော အာဏာ လွန်ဆွဲ အားပြိုင်မှုအဖြစ် ဧပြီ ၁၅ ရက်မှစတင် ကာ ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ် ဖာတာ အယ်-ဘာဟန် ဦး ဆောင်သော ဆူဒန်စစ်တပ်နှင့် ဘာဟန်၏ လက်ထောက်ဟောင်းနှင့် အာဏာသိမ်းမှုတွင် အတူပါဝင်ခဲ့သော ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါဂလို ဦးဆောင်သည့် အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ Rapid Support Force - RSF တို့အကြား တိုက်ပွဲများအပြင်းအ ထန် ဖြစ်ပွားခဲ့သည်။
ပြည်ပနိုင်ငံများကမူ ဆူဒန်ရှိ ၎င်းတို့၏ နိုင်ငံသားများကို ကယ်ထုတ်နေပြီး ဆူဒန်ပြည် သူများသည်လည်း နယ်စပ်ဒေသများကို ကျော်တြ်ပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိ သည်။
အမျိုးသမီးများနှင့် ကလေးများ အများ စုပါဝင်သည့် ဆူဒန်ဒုက္ခသည် ၅၀၀၀၀ ကျော် သည် ချဒ်၊ အီဂျစ်၊ တောင်ဆူဒန်နှင့် ဗဟိုအာ ဖရိကသမ္မတနိုင်ငံများအတွင်း ဝင်ရောက်ခဲ့ သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့ပြီး ဒေသ တွင်း မတည်မငြိမ်ဖြစ်မှုအပေါ် စိုးရိမ်မှုများ ကို မြင့်တက်စေခဲ့သည်။
တောင်ဆူဒန်နှင့် ဗဟိုအာဖရိက သမ္မတ နိုင်ငံများတွင် လူမျိုးစုများအကြား တိုက်ခိုက်မှု ဖြစ်ပွားနေပြီး နှစ်ပေါင်းများစွာကြာ ဝရုန်း သုန်းကားအခြေအနေနှင့် ကြုံတွေ့ခဲ့ကာ ချဒ် နိုင်ငံတွင်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လမ်းလွဲစေခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်