
လူသားချင်းစာနာမှုအခြေအနေမှာ ထိန်းချုပ်၍မရသောအနေအထားကို ရောက်ရှိနေသည်ဟု ကုလသမဂ္ဂက သတိပေးလိုက်ပြီးနောက် အပစ်ရပ်စဲရန် တရားဝင်သက်တမ်း တိုးထားလင့်ကစား မေလ ၁ ရက်တွင် ဆူဒန် စစ်တပ်နှင့် ခြေလျင်အကူလက်ရုံးတပ် (RSF)တို့ ပြင်းထန်သော တိုက်ပွဲများ ထပ်မံဖြစ်ပွားသည်။
အမြန်အကူတပ်ဖွဲ့(RSF)ကို အမြဲတမ်းစစ်တပ်နှင့် ပေါင်းစည်းရန်စီစဉ်ထား သောကိစ္စနှင့်ပတ်သက်၍ ဆူဒန်စစ်တပ် အကြီးအကဲအဗ္ဗဒယ်ဖတာ့အယ်လ်ဘာဟန်နှင့် RSF ကိုကွပ်ကဲနေသူဖြစ်ပြီး ဆူဒန်စစ် တပ်၏ဒုတိယအကြီးအကဲဖြစ်သူ မိုဟာမက် ဟမ်ဒမ်ဒါဂလိုတို့ သီတင်းပတ်ပေါင်းများစွာ အာဏာအားပြိုင်မှုများဖြစ်ခဲ့ပြီးနောက် ဆူဒန်စစ်တပ်နှင့် RSF တို့ ဧပြီ ၁၅ ရက်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခြင်းကြောင့် လူ ၅၀၀ ကျော်သေဆုံးထားသည်။
နိုင်ငံခြားသားများသည် ရှည်လျားသော ကုလသမဂ္ဂယာဉ်တန်းဖြင့် ဆူဒန်မြို့တော်ခါတွန်ကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး ရေနှင့်စားစရာတို့ လျော့နည်းလာသော မြို့ခံများမှာ မိမိတို့၏ နေအိမ်များတွင် ခိုလှုံနေကြရသည်။
လူဦးရေငါးသန်းနေထိုင်သော ခါတွန်မြို့တွင် စစ်တပ်နှင့် RSF တပ်တို့ ဧပြီ ၁၅ ရက်ကတည်းက လမ်းပေါ်တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် လောင်ကျွမ်းခံထားရသော တင့်ကားများ၊ ပျက်စီးနေသောအဆောက် အအုံများ၊ တိုက်ခိုက်လုယက်ခံရသော အိမ်များရှိနေခဲ့သည်။ ဗုံးကြဲတိုက်ခိုက်နေသော လေယာဉ်များကို လေယာဉ်ပစ်လက်နက်များဖြင့် ပစ်ခတ်နေခြင်းကြောင့် ခါတွန်မြို့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည်။
“စစ်လေယာဉ်တွေဟာ ခါတွန်တောင်ပိုင်းမှာ ပျံနေပါတယ်။ လေယာဉ်ပစ်လက်နက်တွေက လေယာဉ်တွေကို ပစ်နေပါတယ်”ဟု ခါတွန်မြို့ခံတစ်ဦးက ပြောကြားပြီး ခါတွန်တောင်ပိုင်းတွင် ကျယ်လောင်သော သေနတ် သံများကို ကြားရသည်ဟု အခြားမြို့ခံတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။
ဘာဟန်နှင့် ဒါဂလိုတို့သည် မလိုက်နာသလောက်ဖြစ်သော အပစ်ရပ်စဲမှုကို အကြိမ် ကြိမ်သက်တမ်းတိုးထားကြပြီး နောက်ဆုံးတရားဝင်အပစ်ရပ်စဲမှုကို ၇၂ နာရီကြာသက် တမ်းတိုးရန် ဧပြီ ၃၀ တွင် သဘောတူခဲ့ကြသည်ဆိုသော်လည်း မကြာမကြာ ချိုးဖောက်မှုများအတွက် တစ်ဘက်နှင့်တစ်ဘက်ကြိမ် ဖန်များစွာ အပြစ်တင်နေကြသည်။
ဆူဒန်ပြည်သူသန်းပေါင်းများစွာမှာ ဆူဒန်နိုင်ငံထဲတွင် ပိတ်မိနေကြသည်။ သေဆုံးသူများထဲတွင် အကူအညီပေးနေသော လုပ်သားများပါဝင်နေသည်။ လူသားချင်းစာနာမှု အကူအညီပစ္စည်းများ တိုက်ခိုက်လုယက်ခံနေရပြီး ပြည်ပအကူအညီ အုပ်စုများမှာ အကူအညီလုပ်ငန်းအားလုံးကို အခြေခံအားဖြင့် ရပ်ဆိုင်းထားကြသည်။
ညတွင်းချင်းအခြေအနေ ကပြောင်းကပြန်ဖြစ်သွားသော လူသန်းပေါင်းများစွာကို ချက်ချင်းကူညီရေးအတွက်မိမိသည် ဆူဒန်ကို သွားနေသည်ဟု ဧပြီ ၃၀ ရက်တွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူ မာတင်ရစ်ဖစ်က ပြောကြားသည်။
“လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေဟာ ထိန်းချုပ်လို့မရတဲ့အနေအထားကို ရောက်နေပါတယ်။ ပြည်သူတွေ ရှင်သန်ရေးအတွက် အခြေခံကျတဲ့ ကုန်ပစ္စည်းတွေဟာ အဆိုးဆုံးထိခိုက်နေတဲ့ မြို့ပြနေရာတွေမှာ ရှားပါးလာနေပါတယ်”ဟု ၎င်းက ပြောကြားသည်။
“အဆိုးရွားဆုံး ထိခိုက်နေတဲ့ နေရာတွေကနေ ထွက်ခွာဖို့ သယ်ယူပို့ဆောင်ရေးစရိတ်ဟာ သိသိသာသာ မြင့်တက်လာပါတယ်။ အားနည်းတဲ့ ပြည်သူအများစုဟာ ပိုမိုဘေးကင်းတဲ့နေရာကို မသွားနိုင်ဖြစ်လာပါတယ်” ဟု မာတင်ဂရစ်ဖစ်က ပြောကြားသည်။
လူ ၅၀,၀၀၀ ခန့်သည် ချဒ်၊ အီဂျစ်၊ ဗဟို အာဖရိကသမ္မတနိုင်ငံတို့အပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံရန် ပြင်းထန်သော ပဋိပက္ခမှ ထွက်ပြေးလာကြသည်ဟု ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ထုတ်ပြန်သည်။ နိုင်ငံခြားသား အများအပြားလည်း ဆူဒန်ကို စွန့်ခွာနေသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်