
ထိုင်းနိုင်ငံ၏ အထင်ကရ ဝန်ကြီးချုပ်လောင်း တစ်ဦးဖြစ်သည့် ပါအယ်ထုံထန် ရှင်နာဝပ်သည် ရွေးကောက်ပွဲမကျင်းပမီ သီတင်းနှစ်ပတ်အလို၊ မေ ၁ ရက်တွင် ၎င်း၏ရင်သွေးလေးကို မွေးဖွားခဲ့သည်ဟု သိရသည်။
အသက် ၃၆ နှစ်အရွယ် ပါအယ်ထုံထန်က ၎င်း၏ရင်သွေးငယ်ကို မွေးဖွားခဲ့ကြောင်း Facebook နှင့် Instagram တို့မှ ကြေညာခဲ့ပြီး ကလေးငယ်၏ပုံကိုလည်း အတူတွဲ၍တင်ခဲ့သည်။
“ဟိုင်း..နာမည်ကတော့ ပရူထာဆင်း ဆုဆာဝါစ် (ချစ်စနိုးနာမည်က) ထာဆင်းပါ။ အားလုံးရဲ့ပံ့ပိုးမှုတွေအတွက် ကျေးဇူးတင်ပါတယ်” ဟု ၎င်း၏ဆိုရှယ်မီဒီယာ အကောင့်များတွင် တင်ခဲ့သည်။
မေ ၁၄ ရက် အထွေထွေရွေးကောက်ပွဲ မတိုင်မီမဲဆွယ်စည်းရုံးရေး ကာလတစ်လျှောက်လုံး၌ ပါအယ်ထုံထန်သည် လူထုသဘောထား စစ်တမ်းများတွင် မဲဆန္ဒရှင်များအကြား လူကြိုက်အများဆုံး ဝန်ကြီးချုပ်လောင်းအဖြစ် ထိပ်ဆုံးနေရာတွင် သို့မဟုတ် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး နောက်ထပ် အတိုက်အခံပါတီ တစ်ခုဖြစ်သည့် တိုးတက်ပြောင်းလဲရေးဝါဒီ Move Forward ပါတီမှ ပီတ လိုင်ဂျာရွန်ရတ်နှင့်အတူ ရေပန်းအစားဆုံးအဖြစ် တစ်လှည့်စီ ရပ်တည်ခဲ့သည်။
ကြော့မော့စတိုင်ကျစွာ ဝတ်စားဆင်ယင်လေ့ရှိပြီး မကြာခဏ ခရီးသွားလေ့ရှိကာ အင်စတာဂရမ်တွင် ဖော်လိုဝါငါးသိန်းရှိသည့် ပါအယ်ထုံထန်သည် ပါတီကိုယ်စားပြု ဝန်ကြီးချုပ်လောင်း တစ်ဦးအဖြစ် ဧပြီ ၅ ရက်က ရွေးချယ်ခံခဲ့ရသည်။
“ဒါဟာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပေမဲ့ တတ်နိုင်သမျှ ကျွန်မတို့ ထိတွေ့ဆက်ဆံမှုတွေ လုပ်သွားမှာဖြစ်တယ်” ဟု ၎င်းက ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်ခံရပြီးနောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဖြူထိုင်းပါတီတစ်ခုတည်း အောင်ပွဲခံလို့မဖြစ်ပါဘူး။ တိုင်းပြည်နဲ့ တစ်မျိုးသားလုံး အတူတကွ အောင်ပွဲခံနိုင်ဖို့လိုပါတယ်”ပါ အယ်ထုံထန်က ဆိုသည်။
မေလ ၁၄ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ထိုင်းစစ်တပ်နှင့် ဘုရင်စနစ်ထောက်ခံသူ အသိုင်းအဝိုင်းကကျော ထောက်နောက်ခံပေးထားသည့် ပါတီများနှင့် ပြုပြင်ပြောင်းလဲမှုကိုလိုလားသော အတိုက်အခံ ပါတီများအကြား အဓိကယှဉ်ပြိုင်ရမည်ဖြစ်ကာ အတိုက်အခံပါတီများ အုပ်စုတွင် ဖြူထိုင်းပါတီက ဦးဆောင်လျက်ရှိသည်။
သူ၏ဒုတိယရင်သွေးကို မွေးဖွားရမည် ဖြစ်သော်လည်း ပါအယ်ထုံထန်သည် မကြာသေးမီကအထိ မဲဆွယ်စည်းရုံး လှုပ်ရှားမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့သည်။
သက်ဆင်၏သမီးဖြစ်သူ ပါအယ်ထုံထန် ရှင်နာဝပ်ဦးဆောင်သော ဖြူထိုင်းပါတီသည် လူထုသဘောထားစစ်တမ်းများတွင် ရေပန်းစားမှု မြင့်တက်နေသော်လည်း ထိုင်းစစ်တပ်က စစ်တပ်ကျောထောက်နောက်ခံပြု ကိုယ်စားလှယ်လောင်းများကို အလေးသာစေရန် ရေးဆွဲထားသည့် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အစိုးရဖွဲ့နိုင်ရန် ခက်ခဲဖွယ်ရှိသည်။
ပါအယ်ထုံထန်၏ ဖခင်ဖြစ်သူ ဆက်သွယ်ရေးလုပ်ငန်းရှင် ဘီလျံနာတစ်ဦးဖြစ်သည့် အသက် ၇၃ နှစ်အရွယ် သက်ဆင်သည် ခေတ်သစ်ထိုင်းနိုင်ငံ၏ သြဇာအကြီးဆုံးနှင့် အငြင်းပွားမှုအဖြစ်စေဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ထိုင်းနိုင်ငံ၏ အလုပ်သမား လူတန်းစားနှင့် ကျေးလက်နေပြည်သူများစွာတို့၏ ချစ်ခင်မှုကို ရရှိထားဆဲဖြစ်သည်။
စစ်တပ်အကြီးအကဲဟောင်းနှင့် လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ပရာယွတ် ချန်အိုချာသည် ဧပြီလလယ်က ကောက်ယူခဲ့သည့် လူထုစစ်တမ်းများတွင် ဝန်ကြီးချုပ်အဖြစ် ရေပန်းစားမှု စာရင်း၌ စတုတ္ထနေရာတွင်သာ ရှိနေခဲ့ သည်။ သို့ရာတွင် ပရာယွတ်အနေဖြင့် စစ်တပ်က အတည်ပြုရွေးချယ်မည့် အမတ်ဦးရေ ၂၅၀ ရှိ အထက်လွှတ်တော်၏ထောက်ခံမှုကို ရဖွယ်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်