Top News

ဂျေးဆူး၏ ဒဏ်ရာအတွက် စိုးရိမ်မိကြောင်း အာဆင်နယ်အသင်းနည်းပြ အာတီတာ ဖွင့်ဟ
24htopnews | January 14, 2025 8:12 PM CST

အာဆင်နယ်အသင်းနည်းပြ အာတီတာက FA ဖလားပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့သည့် တိုက်စစ်ကစားသမား ဂျေးဆူး၏ဒဏ်ရာအတွက် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားသည်။

ဂျေးဆူးသည် မန်ယူအသင်းအား ပယ်နယ်တီဖြင့် ရှုံးနိမ့်သည့် FA ဖလား တတိယအဆင့် အိမ်ကွင်းပွဲစဉ်တွင် ဘရူနိုဖာနန်ဒက်စ်ကို တားဆီးရန် ကြိုးပမ်းစဉ် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် ပထမပိုင်း မိနစ် ၄၀ မှာပင် စတာလင်နှင့် လူစားလဲခဲ့ရပြီး ထမ်းစင်ဖြင့် သယ်ထုတ်သွားရသောကြောင့် အာတီတာက ယခုလို ပြောကြားခြင်းဖြစ်သည်။

'' တော်တော်လေး စိုးရိမ်စရာပါ။ ဒါက ကျွန်တော့်ခံစားချက်ပါ။ သူက ဒူးကိုထိခိုက်မိတာဖြစ်ပြီး တော်တော်လေးနာကျင်နေလို့ ထမ်းစင်နဲ့ သယ်ထုတ်သွားရပါတယ်။ အဲဒီပုံစံကြည့်ရတာ သိပ်မကောင်းပါဘူး။ ဒါက နောက်တစ်ဖက် (၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒူးအရွတ်ဒဏ်ရာရရှိခဲ့ခြင်းကိုရည်ရွယ်၍) ကို ထိခိုက်မိတာပါ။ သူက နာကျင်နေလို့  ထွက်သွားတာပါ'' ဟု ၎င်းက ဆိုသည်။

ဆာကာအပြင် ဂျေးဆူးပါ ဒဏ်ရာရရှိသွားသဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ခေါ်ယူရန် အစီအစဉ်ရှိမရှိ ဆက်လက်မေးမြန်းမှုအပေါ် အာတီတာက ''ကျွန်တော်တို့အနေနဲ့ ဘာနဲ့မှ နီးစပ်မှုမရှိသေးပါဘူး။ ကျွန်တော်တို့မှာရှိနေတဲ့ ကစားသမားတွေကိုပဲ အာရုံစိုက်ထားပါတယ်။ အသင်းက အမြဲတမ်းအလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်အသင်း တိုးတက်လာအောင် အမြဲတမ်းကြိုးစားလုပ်ကိုင်နေတာပါ။ ဒါပေမဲ့ ကိုယ့်ရဲ့အရင်းအမြစ် တွေ၊ ကစားသမားတွေက ပိုကောင်းအောင် လုပ်နိုင်ပါတယ်'' ဟု ဖြေကြားသည်။


READ NEXT
Cancel OK