
လီဗာပူးလ်နည်းပြ အာနယ်ဆလော့က နော်တင်ဟမ်ဖောရက်စ်အသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်မှန်းနိုင်သည့် အသင်းတစ်သင်းဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုတစ်ပတ်ကြားရက်တွင် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ နော်တင်ဟမ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် အာနယ်ဆလော့က ပြိုင်ဘက်အသင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''အမှတ်ပေးဇယားက အဆုံးအဖြတ်ပေးနိုင်တယ်လို့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဖောရက်စ်က အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်စီးတီးတို့နဲ့အတူ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အသင်းတစ်သင်းအဖြစ် ရှိနေတာပါ။ သူတို့ရဲ့ ကစားပုံနဲ့ သူတို့ရဲ့ ရလဒ်တွေကို ကြည့်ရင် သူတို့ဟာ အခုလို သတ်မှတ်ခံရဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ အလွန်ခက်ခဲတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရမှာပါ''ဟု အာနယ်ဆလော့က ပြောကြားခဲ့သည်။
လက်ရှိအချိန်၌ နော်တင်ဟမ်အသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယား တတိယနေရာတွင် ဒုတိယနေရာမှ အာဆင်နယ်အသင်းနှင့် အမှတ်တူ ရပ်တည်နေပြီး တစ်ပွဲလျော့ကစားထားသည့် လီဗာပူးလ်နှင့် (၆)မှတ်သာ ကွာဟနေသည်။
နော်တင်ဟမ်အသင်းသည် ပြိုင်ပွဲစုံ(၇)ပွဲဆက် အနိုင်ရရှိထားပြီး အင်္ဂါနေ့ (ယနေ့)တွင် အိမ်ကွင်း၌ လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ထို့ပြင် ၎င်းတို့သည် ပထမအကျော့တွင် လီဗာပူးလ်ကို အဝေးကွင်း၌ (၁-၀)ဂိုးဖြင့် အနိုင်ရထားသည့်အတွက် အာနယ်ဆလော့က သတိထားရမည့် ပြိုင်ဘက်အသင်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်