
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး - နမ္မတူကားလမ်းမပေါ်ရှိ လွယ်တောက်ကျေးရွာ တောင်ယာခင်းအနီးသို့ လက်နက်ကြီးကျည် လေးလုံး ကျရောက်မှုကြောင့် လွယ်တောက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ရွာသူရွာသားများသည် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းက အီနိုင်းကျေးရွာဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။
“ ကျွန်တော်တို့ ရွာသူရွာသားတွေ အီနိုင်းမှာလာပြီး ထွက်ပြေးတိမ်းရှောင်နေရတာက ရွာအနီးမှာ စစ်ကြောင်းတွေ သွားလာလှုပ်ရှားနေတာတွေရှိတယ်။ မနေ့ မနက်က ၁၅ မိုင်အနီးမှာ လက်နက်ကြီးသံ ကြားတဲ့အတွက် ရွာသားတွေက ကြောက်နေကြတဲ့အတွက် လာပြီး တိမ်းရှောင်နေရတာပါ။ လက်ရှိ အခြေအနေမှာတော့ အခြေအနေက ဘာမှမသိသေးဘူး။ ရွာကို ပြန်လို့ရပြီး အဆင်ပြေပြီ။ အေးဆေး သွားပြီဆိုရင်တော့ ဒီညနေပိုင်းမှာပဲ ကျွန်တော်တို့ ပြန်ကြမှာပါ။” ဟု ပန်ဟုန်းကျေးရွာမှ ဦးအိုက်ပေါင်း ကပြောသည်။
အီနိုင်းကျေးရွာသည် လားရှိုးမြို့နှင့် ၈ မိုင်ခန့်သာ ကွာဝေးပြီး အဆိုပါ ကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ လွယ်တောက်ကျေးရွာ၊ ပန်ဟုန်းကျေးရွာ၊ မန်ပြိန်းကျေးရွာ၊ နမ့်ကတ်ကျေးရွာရှိ အိမ်ထောင်စု (၁၃၉) စုမှ လူဦးရေပေါင်း (၅၆၀) ဦး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြကြောင်း သိရသည်။
“ကျွန်မတို့ ရွာက အိမ်ကို ဒီအတိုင်းထားပြီး ထွက်ပြေးလာကြတယ်။တချို့လည်း အိမ်မှာအစောင့် တစ်ယောက်လောက် ထားခဲ့တယ်။ တကယ်တမ်းတိုက်ပွဲ ဖြစ်မယ်ဆိုရင် ပြေးနိုင်လွှားနိုင်မယ့် သူမျိုးပေါ့။ ကျွဲ၊နွားတွေလည်း ဒီအတိုင်းထားခဲ့ရတယ်။ အိမ်မှာမွေးတဲ့ ဝက်တွေလည်း ဒီအတိုင်းပဲ ပစ်ထားခဲ့ရတယ်။ ဒီမနက်တော့ ရွာကို တချို့သွားပြီး အိမ်မွေးတိရိစ္ဆာန်တွေကို အစာရေစာ ပြန်ကျွေးကြရတယ်။” ဟု လွယ်တောက်ကျေးရွာနေ မနန်းအေးဆေး ကပြောသည်။
အဆိုပါ တိမ်းပွဲရှောင်တိမ်းလာကြသူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန က ဆန် နှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ အနွေးထည် နှင့်စောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
“ နယ်မြေလုံခြုံရေး အခြေအနေအရ အီနိုင်းကျေးရွာအုပ်စုနဲ့ လွယ်တောက်ကျေးရွာအုပ်စုက ဒေသခံတွေဟာ တိုက်ပွဲဖြစ်မှာ ဖြစ်တဲ့အတွက် ရွာလေးရွာက အိမ်ထောင်စု ၁၃၉ စုက လူဦးရေ ၅၆၀ ဦး က မနေ့ညက အီနိုင်းဘုန်းကြီးကျောင်းကို ရောက်ရှိလာတယ်လို့ သိရပါတယ်။ ဒီသတင်းကြားကြားချင်းပဲ ဌာနပေါင်းစုံ ၊အဖွဲ့အစည်းပေါင်းစုံက စာရင်းကောက်ယူ ဆောင်ရွက်ပြီးတော့မှ ဒီနေ့မနက်မှာ အဖွဲ့စုံက သူတို့ကို လာရောက် ထောက်ပံ့တာ ဖြစ်ပါတယ်။ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနအနေနဲ့ကတော့ ကယ်ဆယ်ရေးပစ္စည်း ဆယ်မျိုး၊ လူဦးရေ ၅၆၀ ဦးအတွက် ဆန် (၇)ရက်စာ ရိက္ခာဆန်အိတ် စုစုပေါင်း (၄၀)အိတ်ထောက်ပံ့ခဲ့ပါတယ်။ဒါ့အပြင် လတ်တလော အခြေအနေအရ ဆောင်းတွင်းဖြစ်တဲ့အတွက် စောင်တွေ အနွေးထည်တွေလည်း ထောက်ပံ့ ခဲ့တာဖြစ်ပါတယ်” ဟု လားရှိုးမြို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးမင်းသိန်း ကပြောသည်။
လားရှိုး - နမ္မတူ ကားလမ်းအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားသွားလာလျှက်ရှိနေပြီး ဒေသခံများအနေဖြင့် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်လျှက်ရှိနေကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်