
ပုဂံ-ညောင်ဦး လေဆိပ်အား နိုင်ငံတကာ ခရီးစဉ်ပျံသန်းသည့် လေယာဉ်များ ဝင်ရောက်/ ထွက်ခွာနိုင်သည့် အကောက်ခွန်လေဆိပ် Customs Aerodrome အဖြစ် သတ်မှတ်လိုက်သဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့မှ ပုဂံ-ညောင်ဦးလေဆိပ်သို့ တိုက်ရိုက် သို့မဟုတ် စင်းလုံးငှားလေကြောင်း ခရီးစဉ်ပျံသန်းမည့် လေကြောင်းလိုင်းများ အခွင့်အရေးရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပုဂံ-ညောင်ဦး လေဆိပ်အား အကောက်ခွန်လေဆိပ် Customs Aerodrome အဖြစ် သတ်မှတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းအမိန့်ကြော်ငြာစာတွင် မြန်မာနိုင်ငံ လေယာဉ်နည်းဥပဒေများ၊ နည်းဥပဒေ ၅၃ နည်းဥပဒေခွဲ(က) အရ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပုဂံ-ညောင်ဦး လေဆိပ်ကို နိုင်ငံတကာခရီးစဉ် ပျံသန်းသည့် လေယာဉ်များ ဝင်ရောက်/ ထွက်ခွာနိုင်သော အကောက်ခွန်လေဆိပ် Customs Aerodrome သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် အထက်ဖော်ပြပါ အကောက်ခွန်လေဆိပ်တွင် လေကြောင်းခရီးသွားလာမှု လိုအပ်ချက်၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး လိုအပ်ချက်နှင့် အခြေခံအဆောက်အအုံနှင့် အထောက်အကူပြုပစ္စည်း ပြည့်စုံမှုတို့အပေါ် မူတည်၍ နိုင်ငံတကာခရီးစဉ် ပုံမှန်ပျံသန်းသော လေယာဉ်များကိုဖြစ်စေ၊ ပုံမှန်ပျံသန်းခြင်းမပြုသော လေယာဉ်များကိုဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ အမိန့်ကြော်ငြာစာထုတ် ပြန်သတ်မှတ်၍ ဝင်ရောက်/ ထွက်ခွာခွင့်ပြုနိုင်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအမိန့်ကြော်ငြာစာအရ ပုဂံ- ညောင်ဦးလေဆိပ်တွင် စင်းလုံးငှား လေကြောင်းခရီးစဉ်(သို့) ပုံမှန်ခရီးစဉ်(သို့) နှစ်မျိုးလုံးဖြစ်စေ နိုင်ငံတကာလေကြောင်းခရီးစဉ်များ ဝင်ရောက်/ ထွက်ခွာနိုင်မည်ဖြစ်ကြောင်း သိရသည်။
“အခုလက်ရှိကတော့ Traffic Demand အနေနဲ့ ပုဂံ-ဆီယမ်ရိ တိုက်ရိုက်ခရီးစဉ်ကို စင်းလုံးငှားအနေနဲ့သော်လည်းကောင်း၊ ပုံမှန်ခရီးစဉ် ပျံသန်းဖို့အတွက်သော်လည်းကောင်း စျေးကွက်လိုအပ်ချက် အများဆုံးရှိနေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ဒီခရီးစဉ်ပျံသန်းနိုင်မယ့် ပြည်တွင်းလေကြောင်းလိုင်း သို့မဟုတ် ပြည်ပလေကြောင်းလိုင်းကတော့ ဒီအခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ပုဂံဒေသအား မကြာခင်က ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရပြီး ဖြစ်သည်။ ယင်းသို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်းမရှိခင်ကပင် နိုင်ငံတကာတွင် ကျော်ကြားပြီး နိုင်ငံခြားသားခရီးသွား အများအပြားလာရောက်လည်ပတ် လေ့လာကြသည့် ဒေသတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသတစ်ခု ဖြစ်လာသည့်အချိန်တွင် နိုင်ငံတကာမှ ခရီးသွားများ လာရောက်လည်ပတ်လေ့လာရန် ပိုမိုစိတ်ဝင်စားလာကြမည်ဖြစ်သည့်အတွက် နိုင်ငံတကာလေကြောင်းလိုင်းများက တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းရန် စိတ်ဝင်စားမှုရှိလာကြောင်း သိရသည်။
မကြာသေးခင်က Bangokok Air Ways လေကြောင်းလိုင်း ဘန်ကောက်မှ ပုဂံသို့ တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းရန် ခွင့်ပြုချက်တောင်းခံခဲ့ပြီး လေကြောင်းဦးစီးဌာနက လတ်တလောခွင့်မပြုနိုင်သေးဟု အကြောင်းပြန်ထားကြောင်း သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်