
A – 6 ကမ်းလွန်လုပ်ကွက်တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး သဘောတူညီမှုစာချုပ်များ ချုပ်ဆိုခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
Woodside အနေဖြင့် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ရှိ A-6 ကမ်းလွန်လုပ်ကွက်သည် တူးဖော်ရှာဖွေရေးနှင့် အကဲဖြတ်အဆင့်ကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး ပဏာမအဆင့် အင်ဂျင်နီယာလုပ်ငန်းပိုင်းဆိုင်ရာ ဒီဇိုင်းဖော်ဆောင်ခြင်း (Pre- frot and engineering design, pre- FEED) အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Woodside ၏ တောင်ဘက်ပိုင်း အချက်အချာလုပ်ငန်းစီမံကိန်းအတွင်း တည်ရှိသည့် A – 6 ကမ်းလွန်လုပ်ကွက်အတွင်းမှ လုပ်ငန်းလုပ်ကွက်သည် အကျိုးတူမိတ်ဖက်ပါဝင်ကြသည့် MPRL နှင့် Total တို့နှင့်အတူ အကျိုးတူဖော်ဆောင်လျက်ရှိသည်။
Woodside သည် A-6 ကမ်းလွန်လုပ်ကွက် အကျိုးတူမိတ်ဖက်များ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့နှင့်အတူ စတုတ္ထအကြိမ်မြောက် မျှဝေထုတ်လုပ်မှုဆိုင်ရာစာချုပ်နှင့် ပဏာမအဆင့်တူး ဖော်ရှာဖွေခြင်း Upstream နှင့် အလယ်အဆင့်တင်ပို့ဖြန့်ဝေခြင်း Midstream လုပ်ငန်း အချိုးအစား ခွဲဝေမှုဆိုင်ရာ ဖြည့်စွက် ပြင်ဆင်ခြင်းသဘောတူညီမှုများ ပါဝင်သည့် သဘောတူညီမှုနှစ်ကို ဖော်ဆောင်နိုင်ခဲ့သည်။
A-6 ကမ်းလွန်လုပ်ကွက် ဖွံ့ဖြိုးရေးများ ရှေ့ဆက်အကောင်အထည်ဖော်ဆောင်နိုင်ရန် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲ ဆောင်ရာတွင် စီးပွားရေးအမြင်ရှုထောင့်ဖြင့် စနစ်ကျကျစီးပွားရေးလုပ်ငန်းများအား တံခါးဖွင့် ကြိုဆိုမှုကို ထုတ်ဖော်ပြသနိုင်ခဲ့သည်ဟု ဆိုသည်။
Woodside ၏ Executive Vice President for Development ဖြစ်သူ Meg O’ Nell က “A-6 အဆင့်မြှင့်တင်မှုတွေကို အချိန်နဲ့တစ်ပြေးည ီလုပ်ဆောင်နိုင်ဖို့ စဉ်ဆက်မပြတ် ကူညီမှုတွေနဲ့ နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် မြန်မာအစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ A-6 ကမ်းလွန်လုပ်ကွက်အကျိုးတူ မိတ်ဖက်တွေနဲ့ မြန်မာနိုင်ငံအစိုးရတို့အကြား မြန်မာ့ပထမဆုံးသော အရမ်းနက်တဲ့ ရေနက်ပိုင်းအရင်းအမြစ် စီးပွားရေးလုပ်ငန်းဖော်ဆောင်မှုဆိုင်ရာ ဘဏ္ဍာရေးမူဘောင်တစ်ခုကို သဘောတူညီနိုင်ခဲ့ပါတယ်။ A-6 ဟာ နိုင်ငံအတွက် ရေရှည်ဝင်ငွေ၊ အခွန်ငွေနဲ့ လုပ်ငန်းလုပ်ကွက် ငှားရမ်းမှုဆိုင်ရာ အခကြေးငွေစတဲ့ အကျိုးရလဒ်ကောင်းတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ပြီးတော့မြန်မာနိုင်ငံသားတွေအတွက် သင်တန်းပို့ချမှုတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတွေကနေတစ်ဆင့် မြန်မာနိုင်ငံသားတွေ အကျိုးများစေဖို့ ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ရေးဆွဲဖော်ဆောင်ထားတာဖြစ်တဲ့အတွက် ကျွန် မတို့အနေနဲ့ အရမ်းကို ဂုဏ်ယူမိပါတယ်” ဟု ပြောကြားသည်။
A-6 လုပ်ကွက်တွင် ရေအောက်မီတာ ၂၀၀၀ မှ ၂၃၀၀ အနက်တွင် ဖော်ဆောင်မည့် ရေနက်တူးဖော်ရေးလုပ်ငန်း ၁၀ ခု (အဆင့်တစ်တွင် ခြောက်တွင်း၊ အဆင့်နှစ်တွင် လေးတွင်းအထိ) ပါဝင်မည်ဖြစ်သည်။ တွင်းများအား ကမ်းလွန်ရေတိမ်ပိုင်းမှသည် ပင်လယ်ရေမျက်နှာပြင်အောက် တူးဖော်စုဆောင်းရေးနည်းစနစ် subsea gathering system ကို အသုံးပြုခြင်းဖြင့် ရေတိမ်ပိုင်းသန့်စင်ရေး လုပ်ကွက်နေရာ Shallow water processing platform များအထိ ချိတ်ဆက်ဖော်ဆောင်သွားမည်ဖြစ်သည်။ ထို့နောက် ဓာတ်ငွေများသည် ရတနာကမ်းလွန်လုပ်ကွက်အနီးရှိ တင်ပို့မှုလုပ်ကွက်နေရာ riser platform သို့ ကီလိုမီတာ ၂၄၀ ရှည်လျားသော ပိုက်လိုင်းဖြင့် ပို့ဆောင်သွားမည်ဖြစ်သည်။
ဓာတ်ငွေများအား အဆိုပါ riser platform မှတစ်ဆင့် တည်ရှိပြီးသားပိုက်လိုင်းများကို အသုံးပြုကာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ဖြန့်ဝေသွားမည်ဖြစ်သည်။ A-6 လုပ် ကွက်သည် FEED အဆင့်သို့ ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းတွင် စတင်တက်လှမ်းဖော်ဆောင်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်