
ဗစ်တိုးရီးယားကလေးငယ်၏ မိန်းမကိုယ်မှထွက်သည့် အရည်စစ်ဆေးချက် ဓာတ်ခွဲခန်းမှန်ပြားအား ထိုင်းနိုင်ငံသို့ DNA သွားရောက်စစ်ဆေးရန် ဥပဒေရုံးသို့ ကလေး၏ဖခင်ဖြစ်သူမှ လျှောက်ထားခဲ့ကြောင်း သိရသည်။
ဗစ်တိုးရီးယားကလေး၏ မိန်းမကိုယ်မှထွက်သည့် အရည်စစ်ဆေးချက်ဓာတ်ခွဲခန်းမှန်ပြားတွင် ကလေးငယ်၏ DNBA နှင့် ကျူးလွန်ခဲ့သူ၏ DNA ပါရှိနေသည့်အတွက် အဆိုပါဓာတ်ခွဲခန်းမှန်ပြားအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆေးရုံသို့ DNA သွားရောက်စစ်ဆေးရန်အတွက် ဗစ်တိုးရီးယားလေး၏ဖခင်ဖြစ်သူမှ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ဒက္ခိဏခရိုင်ဥပဒေရုံးသို့ လျှောက်လွှာတင်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့လုပ်ဆောင်ခြင်းမှာ DNA နှင့် ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်လာမည်ဟု ယူဆသဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မှန်ပြားတွင် ကလေးငယ်၏ DNA နှင့် ကျူးလွန်သူ၏ DNA နှစ်မျိုးစလုံး ပါနိုင်သည်ဟု ယူဆကြောင်း ဗစ်တိုးရီးယားအမှုအား လိုက်ပါကူညီဆောင်ရွက်ပေးနေသူ သက္ကမိုးညို(ခ) ဒေါက်တာဝင်းကိုကိုသိန်းက ပြောကြားသည်။
“ဒီ Slide ပြားထဲမှာ DNA က နှစ်မျိုးပါနိုင်တယ်။ သမီးလေးရဲ့ DNA ပါနိုင်တယ်။ ကျူးလွန်တဲ့သူရဲ့ DNA ပါနိုင်တယ်။ ဒီ Slide မှန်၊ မမှန်ကို လောလောဆယ် သမီးလေးရဲ့ DNA နဲ့ ပြန်တိုက်စစ်လိုက်ရင် ဒီ slide ပြား က အမှန်ဆိုတာ သိရလိမ့်မယ်။ သိရရင် ဒီ DNA ကို ကျွန်တော်တို့က သံသယရှိတယ်ဆိုပြီး ရဲတပ်ဖွဲ့က စစ်ခဲ့တဲ့လူစာရင်းအကုန်လုံးကို တိုက်စစ်မယ်ဆိုရင် DNA နဲ့ပတ်သက်ပြီး အမှန်တရားပေါ်မယ်လို့ယူဆတယ်” ဟု ဗစ် တိုးရီးယားအမှုအား လိုက်ပါကူညီဆောင်ရွက်ပေးနေသူ သက္ကမိုးညို(ခ)ဒေါက်တာဝင်း ကိုကိုသိန်းက ပြောကြားသည်။
ဗစ်တိုးရီးယားကလေးငယ်၏ မိန်းမကိုယ်မှထွက်သည့် အရည်စစ်ဆေးချက် ဓာတ်ခွဲခန်းမှန်ပြားသည် CCID ရဲတပ်ဖွဲ့ထံတွင်ရှိနေပြီး ဥပဒေရုံးသို့ လျှောက်ထားခဲ့သည့် အကြောင်းအရာမိတ္တူအား နိုင်ငံတော်သမ္မထံသို့ ပေးပို့မည်ဖြစ်ကြောင်း ဒေါက်တာဝင်းကိုကိုသိန်းက ဆိုသည်။
၎င်းက “ဥပဒေရုံးကနေပြီးတော့ ပုံမှန်လမ်းကြောင်းအတိုင်းပဲ သွားထားပါတယ်။ လိုအပ်ရင် သမ္မတကြီးကလည်း ဒါကိုစောင့်ကြည့်နေတယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့အတွက်ကြောင့် ဒီဟာကိုကူညီခြင်းအားဖြင့် သမ္မတရုံးကနေမှ ခွင့်ပြုပေးလိုက်ပါဆိုပြီးတော့ မေတ္တာရပ်ခံလို့လည်းရတယ်။ တခြားနည်းနဲ့လည်း တစ်ခုခုလုပ်လို့ရတယ်ပေါ့။ တရားရုံးကို ဝင်ရောက်စွက်ဖက်တာမဟုတ်ဘဲနဲ့ ကူညီပေးဖို့ရာ မေတ္တာရပ်ခံမျိုး လုပ်ရင်လုပ်ထုံးလုပ်နည်းတွေ ချောမွေ့သွားမယ်လို့ထင်လို့ မိတ္တူပေးပို့သွားမှာပါ” ဟု ဆက်လက်ပြောကြားသည်။
ဗစ်တိုးရီးယားကလေးငယ်၏ ဓာတ်ခွဲခန်းမှန်ပြားအား ထိုင်းနိုင်ငံသို့ DNA သွားရောက်စစ်ဆေးခြင်းသည် အမှန်တရားပေါ် ရန်လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် မိမိအနေဖြင့် လက်ခံကြောင်း အောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်က ဆိုသည်။
၎င်းက “တရားရုံးက ကျွန်တော်တို့ကိုပြောမှာပါပဲ။ ပြောရင်လည်း ကျွန်တော်တို့ဘက်က ကန့်ကွက်စရာမရှိတဲ့ အကြောင်းပြောမှာပါပဲ။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ထိုင်းက ဆရာဝန်မကြီးနဲ့ ဆက်သွယ်ထားတယ်။ လိုအပ်ရင် ကျွန်တော်တို့ရဲ့ အဆက်အသွယ်ကို ကျွန်တော်တို့ပေးမယ်” ဟု ဆက်လက်ပြောကြားသည်။
ဗစ်တိုးရီးယားကလေးငယ်၏ မိန်းမကိုယ်မှထွက်သည့် အရည်စစ်ဆေးချက်ဓာတ်ခွဲခန်းမှန်ပြားအား CID မှ တောင်းယူခဲ့သည့်အတွက် ဆေးရုံအုပ်ကြီးပါဝင်သည့် ဆရာဝန်များမှ CID မှ ဒုတိယရဲမှူးကြီး လှဟန်ပါဝင်သည့်အဖွဲ့အား ဇွန် ၈ ရက်တွင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီး ဒေါက်တာတင်မိုးမိုးခိုင်က တရားခွင်၌ ထွက်ဆိုထားသည်။
ယင်းသို့ စစ်ဆေးချက်ဓာတ်ခွဲခန်းမှန်ပြားအား CID မှ တောင်းယူခဲ့ခြင်းမျိုးသည် မိမိလုပ်ခဲ့သည့် သက်တမ်းတစ်လျှောက်တွင ်လုံးဝကြုံခဲ့ဖူးခြင်းမရှိကြောင်း မှုခင်းဆရာဝန်ကြီး ဒေါက်တာတင်မိုးမိုးခိုင်အား စစ်ဆေးခဲ့သည့် နိုဝင်ဘာ ၂၀ ရက် ရုံးချိန်းတွင် ထပ်မံထွက်ဆိုခဲ့သည်။
ဗစ်တိုးရီးယားကလေးငယ်၏ လိင်အကြမ်းဖက်မှုခံရခြင်းသည် ကာမစပ်ယှက်ခံခဲ့ရသည့် အနေအထားမျိုးရှိကြောင်း၊ ဗစ်တိုးရီးယားကလေးငယ်တွင် ထိုးသွင်းဒဏ်ရာရှိခဲ့ပြီး ပွန်းပဲ့ဒဏ်ရာများရှိခဲ့ကြောင်း၊ ဗစ်တိုးရီးယားကလေးငယ်၏ မိန်းမကိုယ်ထဲမှထွက်သည့် အရည်ကို ဓာတ်ခွဲမှန်ပြားပေါ်တွင် ကြည့်ရှုစစ်ဆေးရာ၌ သုတ်ပိုးတွေ့ရှိသည်ဟု မှုခင်းဆရာဝန်ကြီးက ထွက်ဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်