
ဗစ်တိုးရီးယားအမှုအတွက် Wisdom Hill မူကြိုကျောင်းမှ ပျောက်ဆုံးနေသည့် CCTV မှတ်တမ်းအား ကျွမ်းကျင်ပညာရှင်များဖြင့် စတင်ဖော်ထုတ်နေပြီး ပညာရှင်များ၏ ဖော်ထုတ်တွေ့ရှိချက်များအား တရားရုံးသို့ ကျမ်းကျိန်လွှာဖြင့်တင်ပြပြီးမှ အများပြည်သူများ သိရှိရမည်ဖြစ်ကြောင်း သိရသည်။
Wisdom Hill မူကြိုကျောင်းမှ ပျောက်ဆုံးနေသည့် CCTV အထိုင်စက် DVR+ Hardisk အား အောင်ကြီး၏ရှေ့နေဘက်မှ တင်ပြထားသည့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ပညာရှင်လေးဦး၊ ဗစ်တိုးရီးယားရှေ့နေဘက်မှ တင်ပြထားသည့် ပညာရှင်နှစ်ဦး၊ CID မှပညာရှင်တစ်ဦးနှင့် စုစုပေါင်း ကျွမ်းကျင်ပညာရှင်ခုနစ်ဦးမှ ဒီဇင်ဘာ ၁၇ ရက်တွင် နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးတွင် စတင်ဖော်ထုတ်နေကြောင်း သိရသည်။
“ပညာရှင်တွေရဲ့တွေ့ရှိချက်ကို တရားရုံးကို Report တင်မယ်။ ကျမ်းကျိန်လွှာနဲ့ တင်မှာ။ အဲ့ဒါမှ ကျွန်တော်တို့လည်း သိမှာ။ သူတို့ရဲ့ တွေ့ရှိချက်တွေကို ရေးမယ်။ တွေ့ရှိချက်များ မှန်ကန်ကြောင်းကို ကျမ်းကျိန်လွှာနဲ့ ရုံးကိုတင်မှာ။ သူတို့ကိုယ်တိုင် ကတိသစ္စာပြုပြီး ထွက်တဲ့အတိုင်းပေါ့။ ရုံးကလက်ခံပြီး မှတ်တမ်းဝင်ရင် ပြောလို့ရပြီပေါ့။ ဘာကြောင့် ဘယ်လိုဖြစ်သွားတယ်ဆိုတာကို သူတို့ကိုယ်တိုင် ကောက်ချက်ချမယ်လို့လည်းပါတယ်” ဟု အောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။
ကျွမ်းကျင်ပညာရှင်များ ဖော်ထုတ်လုပ်ကိုင်နေမှုများအား CCTV ဖြင့် မှတ်တမ်းတင်ထားပြီး အဆိုပါအခန်းအတွင်းသို့ အမှုအတွက် ရှေ့နေပါ၀ါတင်ထားသည့် ရှေ့နေများ၊ ဗစ်တိုးရီးယားနှင့် အောင်ကြီးတို့၏ဖခင်ဖြစ်တို့သာ ဝင်ရောက်ခွင့်ရှိကြောင်း သိရသည်။
ပျောက်ဆုံးနေသည့် CCTV မှတ်တမ်းများအား ပြန်လည်ဖော်ထုတ်နေသည့် ပညာရှင်များသည် တရားရုံးအတွင်းရှိ သီးသန့်အခန်းတွင် ဖော်ထုတ်လုပ်ဆောင်နေခြင်းဖြစ်ပြီး တရားရုံးချိန်းပြီးဆုံးသော်လည်း တာဝန်ကျဝန်ထမ်းများဖြင့် ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ တရားရုံးချိန်းအတွင်းမဟုတ်ဘဲ ပညာရှင်များဖြင့် ဆောင်ရွက်နေခြင်းသည် မိမိလုပ်ဆောင်ခဲ့သည့် သက်တမ်းတစ်လျှောက်တွင် လုံးဝမရှိခဲ့ကြောင်း ဒက္ခိဏခရိုင်တရားရုံးမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ဆိုသည်။
ပျောက်ဆုံးနေသည့် CCTV မှတ်တမ်းများအား ညနေ ၆ နာရီခွဲအထိ ပညာရှင်များမှ ဆက်လက်ဖော်ထုတ် ဆောင်ရွက်နေကြောင်း တရားရုံးတွင်ရောက်ရှိနေသည့် စွပ်စွဲခံထားရသူ အောင်ကြီး၏ဖခင်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်