
မြစ်ကြီးနား နန်ကျင်စီးပွားရေးဇုန်ရှိ မြေဧက ၄၇၅၁ မှာ မြေလွတ်၊ မြေလတ်၊ မြေရိုင်းအတွင်း ကျရောက်နေသဖြင့် သီးနှံလျော်ကြေးသာ ပေးအပ်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၇ ရက်တွင် အစိုးရနှင့် ယင်းမြေနေရာတွင် တရားဝင်စိုက်ပျိုးထားသည့် အစုအဖွဲ့ခြောက်ဖွဲ့တို့ တွေ့ဆုံပြီးနောက် သိရသည်။
လက်ရှိတွင် ယင်းစီးပွားရေးဇုန်အတွင်း ကုမ္ပဏီလေးခုနှင့် ဒေသအစိုးရ ခွင့်ပြုသူ အစုအဖွဲ့ပိုင် နှစ်ဖွဲ့တို့က ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြေယာလျော်ကြေးကို ပေးသွင်းမည်မဟုတ်ဘဲ စိုက်ပျိုးထားသည့် သီးနှံကိုသာ လျော်ကြေးအဖြစ် သတ်မှတ်ပေးသွင်းမည်ဖြစ်ကြောင်း ကနဦးတွေ့ ဆုံမှုများကို ဒေသခံများက ပြောကြားသည်။
ဒေသအစိုးရအဖွဲ့ခွင့်ပြု ဧက ၆၅၀ တွင် တောင်သူအစုအဖွဲ့ဖြင့် ဘယဆေးပင်များ ထုတ်လုပ်စိုက်ပျိုးနေသူ ကိုခွန်မြတ်မင်းအောင်က “အစိုးရအဖွဲ့ပြောတာက မြေယာလျော်ကြေးမပေးတော့ဘူး။ သီးနှံစိုက်ထားတဲ့ လျော်ကြေးသာပေးမယ်လို့ ပြောတယ်။ ဒါတွေက တကယ်အမှန်တကယ် ကုန်ကျစရိတ်ကိုပေးမှာ ဘယ်လိုပေးမှာလဲ မသိဘူး။ အပင်တစ်ပင်ဖြစ်လာဖို့ အမှန်တကယ်ကုန် ကျစရိတ်ကမနည်းဘူး။ နောက်တစ်ခု တောင်သူဟာ မြေယာကို အခြေခံစားတယ်။ အဲဒါကြောင့် အစားထိုးပေးဖို့ တင်ပြတယ်။ မြေယာလျော်ကြေးမပေးတာကတော့ နစ်နာပါတယ်” ဟု ပြောကြားသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့က သီးနှံလျော်ကြေးပေးရန် မြေပြင်ကွင်းဆင်းရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာဌာနအသီးသီးသို့ အမည်စာရင်းများကို လာမည့်သောကြာနေ့ နောက်ဆုံးထား တင်သွင်းရန် ညွှန်ကြားထားသည်။
ကချင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးသိန်းလွင်က “ဥပဒေအရက မြေအတွက် လျော်ကြေးမရှိဘူး။ သီးနှံလျော်ကြေးရှိတဲ့အတွက် စီးပွားရေးဇုန်အတွင်းမှာ စိုက်ပျိုးထားတဲ့ အခြေအနေအတိုင်း ကွင်းဆင်းမှတ်တမ်းယူသွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့က မြစ်ကြီးနား နန်ကျင်စီးပွားရေးဇုန်အတွက် လျော်ကြေးငွေ ကျပ်တစ်ဘီလျံ လျာထားကြောင်း သိရသည်။
မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးမှုဇုန်တည် ဆောက်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ဒုတိယအုပ်ချုပ်ရေးမှူးအဖွဲ့တို့သည် ၂၀၁၈ ခုနှစ် မေ ၈ ရက် နံနက်ပိုင်းက နားလည်မှုစာချွန်လွှာ MoU ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် လက်မှတ်ရေးထိုးခဲ့သည်။
မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းသည် မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာအုပ်စု ပလန ကျေးရွာအုပ်စုများတွင်တည်ရှိပြီး ဧကပေါင်း ၄၇၅၁ ဧကကျော်ရှိကြောင်း၊ ခန့်မှန်းကုန်ကျတန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၃ ဒသမ ၄၄ သန်း (မြန်မာကျပ်ငွေ ၃၇၂ ဘီလျံ) (တရုတ်ယွမ်ငွေ ကျပ် သိန်းပေါင်း ၁၈၀၀၀)ခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားသည်။ စီမံကိန်းကို တရုတ်နိုင်ငံဘက်မှ ဟိန်ယုံရင်းနှီးမြုပ်နှံမှုကုမ္ပ ဏီလိမီတက်နှင့် ကချင်ပြည်နယ် စီးပွားဖွံ့ဖြိုး တိုးတက်ရေး ပြည်သူ့ကုမ္ပဏီလိမီတက်တို့ ပူးပေါင်းကာ စုပေါင်းရင်းနှီးမြုပ်နှံရေးကုမ္ပဏီ Joint Venture Company ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်